*သခင့်ရဲ့ကျေးကျွန်*Part(27)
တစ်ယောက်ထဲသူမအခန်းရှေ့မှာရပ်နေမိသည်။
ဘယ်လိုလုပ်ယုံပေးရမှာလဲ ။အမြဲတမ်းစက်ကိုချစ်တယ်လို့ပြောနေသည့်
ကောင်မလေးကအချိန်ခဏအတွင်းမှာဘာလို့စက်ကိုမုန်းတယ်ပဲပြောနေရတာလဲ။စက်မရှိရင်လွမ်းပါတယ်ဆိုတဲ့ကောင်မလေးက
အခုတော့သူမကိုယ်တိုင်စက်ကိုထွက်သွားခိုင်းနေသည်။
စက်ပေးသမျှနာကျင်မှုတိုင်းကသူမအတွက်ချိုမြိန်ခြင်းပါလို့ဆိုတဲ့ကောင်မလေးကအခုတော့စက်ကိုကြောက်တယ်တဲ့လေ။ဘာတွေဖြစ်ကုန်တာလဲ။သူမတကယ်ပဲစက်ကိုမမှတ်မိတော့တာလား။
တကယ်ပဲစက်ကိုမုန်းသွားပြီလား။
စက်အိပ်မက်ထဲကအတိုင်းတကယ်ပဲဖြစ်လာတော့မှာများလား။
ထားမသွားဖို့တောင်းဆိုချင်မိသည်။
မမုန်းပါနဲ့လို့ပြောချင်မိသည်က စက်ရဲ့အတ္တတွေထင်၏။"သခင်လေး"
"ဒေါ်ကြီး……ရွဲကဗျာရော……"
"ရွဲလေးစိတ်ငြိမ်ဆေးထိုးပေးလိုက်လို့အိပ်သွားပြီ"
"သူဘယ်လိုဖြစ်တာလဲ သတိရတော့ရောသူဘာပြောလဲ"
"အဟင့်…သခင်လေးရယ်……ရွဲကဒေါ်ကြီးကိုမသိဘူးတဲ့
ဒေါ်ကြီးသူကိုရွဲလို့ခေါ်ပြန်တော့လဲ ရွဲဆိုတာဘယ်သူလဲတဲ့သူမေးတယ်
ဆရာဝန်တွေသွားခေါ်လာတော့ဆရာဝန်ကပြောတယ်
ရွဲသတိမေ့သွားတာတဲ့ခေါင်းကိုထိခိုက်လို့သူသတိမေ့သွားတာတဲ့သခင်လေးရယ်……"ဒေါ်ကြီးကတရှုံ့ရှုံ့ငိုသည်။
"ဒါဆိုသူကျနော့်ကိုလဲမေ့သွားပြီပေါ့"
စက်သူမအခန်းထဲပြန်ဝင်လာပြီးသူမနှဖူးစပ်ရှိဆံပင်လေးတွေကိုလက်နဲ့သပ်တင်ပေးမိသည်။
သူမလက်ကိုဆုပ်ကိုင်ထားချင်ပေမဲ့သူမကခါးခါးသီးသီးမုန်းနေသည်လေ။"ရွဲရယ်ကျေးဇူးပြုပြီးမမုန်းလိုက်ပါနဲ့နော်
မင်းကိုမုန်းနေခဲ့ပေမဲ့မင်းမုန်းတဲ့ဒဏ်ကိုတော့ကိုယ်မခံနိုင်ဘူး
အရင်လိုကိုယ်ရဲ့အမိန့်တိုင်းကိုခေါင်းငြိမ့်နာခံတက်တဲ့
ကောင်မလေးအဖြစ်ပဲရှိနေပေးပါရွဲရယ်………"ကျေးဇူးပြုပြီးကလေးရယ်။
___________+__________"ရွဲလေးနိုးပြီလား"