Part - 30

32 7 0
                                    

<ဒေါ့ကယ်ဘီ (၂)>

Yerim-ieက လုပ်စရာရှိသည့်အတွက် အခြားတစ်နေရာကိုထွက်သွားပြီး Yoo Myeongwooကိုလည်း အပေါ်ထပ်ကို တစ်ယောက်တည်းအရင်တက်သွားခိုင်းလိုက်တယ်။

ကျွန်တော်နဲ့Seok Hayanနှစ်ယောက်တည်း ကျန်ခဲ့တဲ့အခါ ကျွန်တော် အနည်းငယ်ရင်ခုန်လာခဲ့တယ်။ ကျွန်တော့်ကိုအကောင်းမြင်တဲ့ အမျိုးသမီးတစ်ယောက်နဲ့ ဒီလိုမျိုးနှစ်ယောက်တည်းအတူရှိမနေဖူးတာ ဘယ်လောက်တောင်ကြာသွားခဲ့ပြီလဲ။ .....ဒီဟာက ပထမဆုံးအကြိမ်များလား?

Seok Hayanက လေ့လာသင်ယူလိုမှုကြောင့် စိတ်အားထက်သန်နေပြီး မျက်လုံးတွေကလည်း တလက်လက်တောက်ပလျက်ရှိနေလေတယ်။

အရောင်လက်နေတဲ့မျက်လုံးတွေနဲ့သူမက စာရွက်တစ်ရွက်ပေါ်မှာ Dungeonဝင်ပေါက်ပုံကို ဆွဲလိုက်တယ်။ အော် သူမက ပုံဆွဲတာတော်တော်ညံ့ပါလား။

"ဝင်ပေါက်ရဲ့ပုံစံနဲ့ မှော်စွမ်းအားအတက်အကျဇယားကိုကြည့်ပြီး တွက်ချက်လိုက်ရုံနဲ့ Dungeonတစ်ခုရဲ့အခြေအနေကိုခန့်မှန်းနိုင်တာက မယုံနိုင်စရာပဲ။ အခုလက်ရှိမှာက Dungeonရဲ့ပုံမှန်အခြေအနေလောက်ကိုပဲ ရိုးရိုးရှင်းရှင်းတွက်နိုင်သေးတာမို့လို့ တစ်ခါတလေ Dungeonကို အရေးပေါ်ဝင်တိုက်ခိုက်ရတာမျိုးတွေတောင်ရှိတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့မှာက လွန်ခဲ့တဲ့သုံးရက်အတွင်းပေါ်လာခဲ့တဲ့ Dungeonအတွက်ဆို အစိမ်းရောင်ပြတဲ့အချက်ပြမီးနဲ့ ကျိုးပေါက်ခါနီးတစ်ရက်အလိုDungeonတွေအတွက် အနီရောင်ပြတဲ့ အချက်ပြမီးဆိုပြီးတော့ နှစ်ခုပဲရှိသေးတာ"

"ဒါက ခန့်မှန်းခြေပဲရှိသေးတာပါ။ သေချာအာမခံနိုင်ဖို့အတွက် ဒေတာတွေလုံလုံလောက်လောက်မရှိဘူးဖြစ်နေတယ်။ အထူးသဖြင့် ကိုးရီးယားမှာရှိတဲ့ Dungeonအရေအတွက်က သိပ်မများဘူးဆိုတော့"

ကျွန်တော်ပြောတာကိုကြားတော့ Seok Hayanက ဝမ်းနည်းစွာနဲ့ သက်ပြင်းချတယ်။

"ရှင်ပြောတာ မှန်တယ်! ဒီမှာကတအားနည်းလွန်းနေတယ်။ အာ ဒါကိုလူတွေကြားရင် ကျွန်မတော့ခဲနဲ့အပေါက်ခံရတော့မှာပဲ။ ဒါပေမဲ့လည်း ကျွန်မတို့ Dungeonနည်းနည်းလောက်ပိုပြီး လေ့လာခွင့်မရတာ ဝမ်းနည်းစရာကောင်းလိုက်တာ"

ကျွန်တော်ပျိုးထောင်ခဲ့သောထိပ်သီးHunterလေးများWhere stories live. Discover now