Part - 31.1

25 7 1
                                    

<မင်းကိုရှာတွေ့ပြီ! (၁)>

ကျွန်တော်ဒေါ့ကယ်ဘီကို နှုတ်ဆက်လိုက်ပြီးနောက် Seok Hayanရောက်နေတဲ့ ဆေးပေးခန်းဆီ ဦးတည်လိုက်တယ်။ ပထမထပ်က စတိုးဆိုင်ကို လမ်းကြုံဝင်လိုက်ပြီးတော့ သူမအတွက် သကြားမဆိုစလောက်လေးပါတဲ့ ကော်ဖီတစ်ခွက်လည်း ဝယ်ခဲ့လိုက်တယ်။ ဒါကို လူနာမေးလက်ဆောင်လို့ခေါ်ရမလား လာဘ်ထိုးတာလို့ပြောရမလား?

သူမက အနာဂတ်မှာ ရွှေဥဥတဲ့ငန်းမလိုမျိုးဖြစ်လာမဲ့သူဆိုတော့ သူမကိုကောင်းကောင်းဆက်ဆံရမယ်။

"Seok Hayan-ssi ရှိလားမသိဘူးဗျ?"

ကျွန်တော့်မေးခွန်းကိုပြန်ဖြေတဲ့အနေနဲ့ ဆေးပေးခန်းဆရာဝန်က အခန်းတစ်ခန်းကို လက်ညိုးထိုးပြတယ်။ လူနာတွေ့ဧည့်သည်မှတ်တမ်းမှာ လက်မှတ်ထိုးပြီးနောက် အခန်းထဲဝင်လိုက်သည့်အခါ ကုတင်ပေါ်မှာလဲလျောင်းနေတဲ့ Seok Hayanကို တွေ့လိုက်ရတယ်။ သူမက ခုထိသတိမရလာသေးဘူး။ ကျွန်တော်ထိုင်ခုံကိုဆွဲထုတ်လိုက်ပြီးတော့ ပြတင်းပေါက်ဘေးမှာ ထိုင်လိုက်တယ်။

ဒီနေ့လဲ ရာသီဥတုက သာယာနေတယ်။ ဒါပေမဲ့ မကြာခင်မှာ ရာသီဥတုက တအားပူလာတော့မှာ။ ဒီနှစ်တော့ လျှပ်စစ်မီတာခအတွက်ပူစရာမလိုတော့ဘဲ အဲယားကွန်းလေးဖွင့်ပြီး နှပ်လို့ရပြီ။ ကုမ္ပဏီကရှင်းပေးတဲ့မီတာခက အကောင်းဆုံးပဲ။

'လာမဲ့နွေရာသီက လွန်ခဲ့တဲ့ငါးနှစ်ကနွေရာသီဆိုတော့'

ဟိုဟိုဒီဒီကိစ္စကြီးငယ် ကိုင်တွယ်ဖြေရှင်းနေခဲ့ပေမဲ့ တကယ်တော့ ကျွန်တော်အတိတ်ကိုပြန်ရောက်လာတာ တစ်ပတ်တောင်မရှိသေးဘူး။ အကြောင်းအရာတချို့ကြောင့် ကျွန်တော်အလုပ်တွေအရမ်းရှုပ်နေခဲ့တယ်။ ဒါတွေအားလုံးက ဟိုကောင်စုတ်လေးYoohyunie ကျွန်တော့်ကို ရုတ်တရက်ပိတ်လှောင်ထားဖို့ ကြိုးစားတာကြောင့်......ဒါမှမဟုတ် အမှန်ကတော့... ကျွန်တော့်ရဲ့စွမ်းရည်ဂုဏ်ပုဒ်ကြောင့်လို့လဲ ပြောလို့ရပါတယ်။

'ထရိန်နင်ပြီးသွားရင်တော့ တကယ်စိတ်လွတ်ကိုယ်လွတ်နေတော့မှာ'

တိတ်ဆိတ်အေးချမ်းတဲ့ဘဝမှာနေဖို့နဲ့ တအားတော်တဲ့ညီလေးရဲ့ပေါင်ကိုဖက်ဖို့ ဆိုတဲ့အကြောင်းပြချက်နဲ့ အချိန်နောက်ပြန်လာခဲ့တာ။ ဘယ်ကနေဘယ်လိုလုပ်ပြီး ဒီလိုတွေဖြစ်ကုန်တာလဲ?

ကျွန်တော်ပျိုးထောင်ခဲ့သောထိပ်သီးHunterလေးများWhere stories live. Discover now