<ဒေါ့ကယ်ဘီ (၁)>
မျက်နှာသစ် အဝတ်အစားလဲပြီး မနက်စာနဲ့နေ့လည်စာကို ပေါင်းစားပြီးနောက် ကျွန်တော့်ခေါင်းက နည်းနည်းကြည်လင်သွားတယ်။ ကျွန်တော့်နှလုံးကတော့ ပုံမှန်ထက်ကို ပိုပြီးမြန်မြန်ခုန်နေသလိုပဲ။
အရက်နာကျတာ ပျောက်သွားပြီလို့ ထင်နေပေမဲ့ အဲ့လိုဟုတ်ပုံမရဘူး? ဘယ်လိုပြောရမလဲ ကျွန်တော့်ရဲ့စိတ်စွမ်းအားပမာဏက လျော့ကျသွားတယ်လို့ခံစားနေရတယ်။
'ဖြစ်တတ်ပါတယ်။ မနေ့ညကအဖြစ်အပျက်ကနေ မမျှော်လင့်ထားတဲ့ စွမ်းရည်အကျိုးသက်ရောက်မှုအကြောင်းကို သိလိုက်ရတာဆိုတော့'
ဒါပေမဲ့ နည်းနည်းထူးဆန်းနေတုန်းပဲ။
အရင်ဆုံး ရှင်းစရာရှိတာလေးရှင်းလိုက်ကြရအောင်။
၁။ စကားဝှက်အကြောင်း ဘယ်သူ့ကိုပဲဖြစ်ဖြစ် ဘယ်တော့မှဖွင့်ပြောလို့မဖြစ်ဘူး။
ဒီလောကကြီးမှာ ကိုယ့်အသက်နဲ့ရင်းပြီးယုံကြည်လို့ရတဲ့သူဆိုတာ အများကြီးမရှိဘူး။ ကျွန်တော်သာ စိတ်ဖတ်တတ်ရင်တော့ တစ်မျိုးပေါ့။ အဲ့လိုမှမဟုတ်ရင် လူတစ်ယောက်ကဘာတွေကြံစည်နေလဲဆိုတာကို ကျွန်တော်က ဘယ်လိုပြောနိုင်ပါ့မလဲ?
Yoohyunieလိုမျိုး အရင်တုန်းက ကျွန်တော့်ကိုအသက်စွန့်ကယ်ဖူးထားတဲ့သူမဟုတ်ရင် တခြားဘယ်သူ့ကိုမှ ကျွန်တော် လွယ်လွယ်နဲ့ မယုံကြည်နိုင်ဘူး။
ကျွန်တော့်ရဲ့ခွန်အားက Fအဆင့်။
ဒါကိုအမြဲစိတ်ထဲထည့်ထားပြီးတော့ သတိနဲ့နေရမယ်။ Lအဆင့်စွမ်းရည်ရှိတာက ဘာထူးလို့လဲ။ Sအဆင့်တစ်ယောက်က ဖြတ်ရိုက်လိုက်ရင် ချက်ချင်းတောင် နတ်ပြည်ရောက်သွားနိုင်တာကို။
၂။ စကားဝှက်ကို သုံးတဲ့အခါ အတတ်နိုင်ဆုံး သတိထားရမယ်။
အခုက လူလေးယောက်အပေါ်မှာပဲ သုံးရသေးတာဆိုပေမဲ့ အနာဂတ်မှာ ကျွန်တော်က ဒီတူညီတဲ့စကားဝှက်ကိုပဲ ဆက်တိုက်ပြောနေမယ်ဆိုရင် တစ်ယောက်ယောက်ကတော့ ရိပ်မိသွားနိုင်တယ်။ အရေးကြီးဆုံးက မနေ့ကလို လူများတဲ့နေရာတွေမှာ ပြောတာမျိုးကို လုံးဝလုံးဝရှောင်ကြဉ်ရမယ်။
YOU ARE READING
ကျွန်တော်ပျိုးထောင်ခဲ့သောထိပ်သီးHunterလေးများ
Fantasy[မြန်မာဘာသာပြန်] ဟန်ယူဂျင်းတို့ရဲ့Hunter worldကို အလည်အပတ်သွားလိုက်ကြရအောင် ⌒(*'>∀<')つ.........