Part - 28

34 11 1
                                    

<ပြီးပြည့်စုံသော ပြုစုစောင့်ရှောက်သူ>

"....ဒါပေမဲ့ ကျွန်တော်က အသက်သုံးဆယ်―မှားလို့ အသက်နှစ်ဆယ်ကျော်ပဲရှိသေးတာလေ"

ကျွန်တော် မယုံနိုင်စွာနဲ့ ပြောလိုက်တယ်။ အဘိုးတဲ့.... ကိုယ့်ထက်အသက်ကြီးတဲ့လူဆီကနေ အဘိုးလို့အခေါ်ခံရလိမ့်မယ်လို့ တွေးကြည့်ဖို့က.... ကျွန်တော့်ဆံပင်တွေက နက်မှောင်နေတုန်း ပြီးတော့ ကျွန်တော့်အရေပြားကလဲ တွန့်နေမျိုးမရှိဘဲ ချောမွတ်နေတာကို။ ဘယ်နေရာကများ ကျွန်တော့်ကို သူ့အဘိုးလို့ထင်သွားစေတာလဲ?

[ကျွန်တော်သိပါတယ်။ ဒါပေမဲ့ မနေ့က ခင်ဗျားရဲ့မူးနေတဲ့ပုံစံက ကျွန်တော့်အဘိုးနဲ့တူနေလို့ပါ။ ကျွန်တော့်အဘိုးကလည်း သူမူးလာရင် ကျွန်တော့်ကိုချစ်တယ်ဆိုပြီး ပြောလေ့ရှိတယ်]

"အာ အဲ့လိုကိုး......"

အဲ့လိုဆိုပေမဲ့ ဒါကြီးက အရမ်းထူးဆန်းနေတုန်းပဲလေ! တကယ်လို့ ခင်ဗျားနဲ့တွဲနေတဲ့ကောင်မလေးက အရက်မူးပြီးတော့ ခင်ဗျားကို'ချစ်တယ်'ဆိုပြီး ပြောလာခဲ့ရင်ရော ခင်ဗျားက 'အဘိုး!' ဒါမှမဟုတ် 'အဘွား!' လို့ သွားခေါ်မှာလား?

"ဒါဆို ခုကျွန်တော်မူးမနေတော့ဘူးလေ ပြီးတော့ နောက်လဲမူးအောင်မသောက်တော့ဘူးမို့လို့ ခင်ဗျားကျွန်တော့်ကိုမြင်ရင် ခင်ဗျားအဘိုးကို မတွေးမိလောက်တော့ဘူးမလား?"

အထူးသဖြင့် 'ငါမင်းကိုချစ်တယ်'ဆိုတဲ့ ရူးကြောင်ကြောင်စကားမျိုးကို နောက်ထပ် ထပ်ပြောဖို့ လုံးဝစိတ်ကူးမရှိတော့ဘူး..... တစ်သက်လုံးစာအတွက် လုံလုံလောက်လောက်ပြောပြီးသွားပြီလို့ခံစားနေရပြီ လခွမ်း။

[.....အဲ့လို, ဖြစ်လောက်ပါတယ်]

Kim Sunghanရဲ့ ဝမ်းနည်းမှုတွေပြည့်နှက်နေတဲ့လေသံက အင်တင်တင်ဖြစ်နေတယ်။

[ဒါပေမဲ့ ခင်ဗျားကကျွန်တော့်အဘိုးနဲ့တူတယ်လို့ ခုထိခံစားနေတုန်းပဲ]

"မဟုတ်ဘူးလေ ခင်ဗျားကအဲ့လိုပြောပေမဲ့....."

[အဲ့လိုမရဘူးလား?]

"......ဗျာ?"

[ကျွန်တော် တခြားလူတွေရှေ့မှာ အဓိပ္ပါယ်မရှိတာတွေလျှောက်မပြောပါဘူး။ လမ်းမှာတွေ့ရင် အချင်းချင်းနှုတ်ဆက်ပြီး တစ်ခါတစ်လေ လာလည်တာလောက် လုပ်ခွင့်ရရင်ကို ကျေနပ်ပါပြီ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ကတစ်ဂိုဏ်းထဲမှာရှိနေတာပဲလေ တအားကြီးကရိကထမများလောက်ဘူးမလား?"

ကျွန်တော်ပျိုးထောင်ခဲ့သောထိပ်သီးHunterလေးများWhere stories live. Discover now