Part - 31.2

83 21 3
                                    

<မင်းကိုရှာတွေ့ပြီ! (၁)>

-Grruk!

Fအဆင့်Dungeonထဲကနေ ဖမ်းထားခဲ့တဲ့ အစွယ်ပါပွေးကောင်တွေက လှောင်အိမ်ထဲကနေ မာန်ဖီနေကြတယ်။ ဟယ်ယွန်းဂိုဏ်းရဲ့ Hunterလူသစ်ထရိန်နင် လက်တွေ့လေ့ကျင့်ရေးမှာ မွန်းစတားအစစ်တွေကို တကယ်သုံးတာပါလား။

"ဝါးးး ကျွန်မတို့ ဒီအကောင်တွေနဲ့တိုက်ရမှာလား?"

ယယ်ရင်မ်က သွားစွယ်တွေကို ကြမ်းကြုတ်စွာ ဖြဲပြနေတဲ့ မွန်းစတားတွေကို စိတ်ဝင်တစားကြည့်နေပြီး မြောင်ဝူးကတော့ အလွန်အမင်း ထိတ်လန့်နေလေရဲ့။ ဒီဟာတွေက Fအဆင့်မွန်းစတားဖြစ်တဲ့အတွက် ကြောက်ရွံမှုခုခံနိုင်စွမ်းမရှိရင်တောင် ကျွန်တော်ကတော့ကြောက်တယ်လို့ မခံစားမိပါဘူး။

ကျွန်တော်က Fအဆင့်Hunterလေးတစ်ယောက် ဖြစ်နေပေမဲ့ ကျွန်တော့်မှာ အတွေ့အကြုံတွေအများကြီးရှိနေတယ်လေ။ အဲ့တော့ ဒီလောက်ကတော့ ကျွန်တော့်အတွက် ငှက်ပျော်သီးအခွံခွာစားရသလိုပဲ လွယ်တယ်။ ဒါပေမဲ့ နည်းနည်းလေးကြောက်တဲ့ပုံစံ ဟန်ဆောင်ပြရအုန်းမှာ။ ဘာလို့လဲဆိုတော့ လူတိုင်းရဲ့အမြင်မှာ ကျွန်တော်က လောလောလတ်လတ် စွမ်းရည်နိုးထကာစ Hunterအသစ်လေးဖြစ်နေတာမို့ပါ။

"....ဒါပေမဲ့ မင်းကဒီကိုဘာလိုက်လုပ်တာလဲ?"

ကျွန်တော့်ဘေးမှာရှိနေတဲ့ ဟယ်ယွန်းဂိုဏ်းခေါင်းဆောင်ကို လှည့်ကြည့်လိုက်တယ်။ ကျွန်တော့်ညီငယ်ကောင်စုတ်လေးကတော့ အေးအေးဆေးဆေးပုံစံနဲ့ ပြန်ပြုံးပြတယ်။

"လုံခြုံရေးစစ်ဆေးဖို့"

"မင်းမှာ အချိန်တွေတအားပိုနေတယ်ပေါ့?"

"Hyungကျွန်တော်နဲ့ နေ့လည်စာ အတူစားချင်လား?"

ယူဟျွန်းပြောတာကိုကြားတော့ ယယ်ရင်မ်က ချက်ချင်းပဲထအော်တယ်။

"ကျွန်မတို့မှာ စီစဉ်ထားတာရှိပြီးသား!!"

ငါလဲမမှတ်မိရပါလား။ ယယ်ရင်မ်က ယူဟျွန်းကို စိုက်ကြည့်လိုက်တော့ ယူဟျွန်းက မျက်ခုံးတစ်ဖက်ပင့်ပြတယ်။ ဒီနှစ်ယောက်က ဘာလို့ နည်းနည်းလေးမှကို မတည့်ကြတာလဲ? သူတို့ရဲ့စွမ်းရည်ဂုဏ်သတ္တိကြောင့်လား?
(ယူဟျွန်း-မီး, ယယ်ရင်မ်-ရေခဲ)

ကျွန်တော်ပျိုးထောင်ခဲ့သောထိပ်သီးHunterလေးများWhere stories live. Discover now