Part - 32.1

24 7 1
                                    

<မင်းကိုရှာတွေ့ပြီ! (၂)>

'သူက 17ခုတောင်သွေးပြီးသွားပြီ'

ကပ်ကြေး၊ အိတ်ဆောင်ဓားနဲ့ မီးဖိုချောင်သုံးဓားလိုမျိုး အရာတွေကို သွေးခဲ့လို့ထင်တယ်။ ဇွဲရှိရှိနဲ့ ဘာလို့များများလေး ထပ်မသွေးခဲ့တာလဲကွာ?

'တကယ်လို့သူသာ သူ့ရဲ့ပင်ကိုပါရမီကို အသုံးချပြီး ပန်းပဲဆရာလိုမျိုး လက်မှုပညာရှင်တစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင် အခုအချိန်မှာ သူက အခြေခံသတ်မှတ်ချက်(Level 10)ကို ပြည့်မှီအောင်လုပ်လိုက်ရုံပဲ'

ဒီစွမ်းရည်က အသင့်တော်ဆုံးမူရင်းစွမ်းရည်ဖြစ်နေလို့ သူစွမ်းရည်နိုးထတဲ့အချိန် တန်းရနိုင်ချေရှိတယ်။ ကျွန်တော့်ရဲ့'ငါ့ကလေးလေး'စွမ်းရည်ကြောင့် ကိစ္စတွေလွယ်ကူသွားခဲ့မယ်ဆိုရင်တောင်မှ တကယ်လို့ သူသာ အရင်တည်းက သူ့ရဲ့ပါရမီကို အသုံးချခဲ့မယ်ဆိုရင် သူလုပ်ရမှာက ဓားသွားပေါင်းတစ်သောင်းကပါအုန်းမလား?

(T/N- YMWသာနဂိုတည်းက လက်မှုပညာရှင်ဖြစ်နေခဲ့ရင် ဓားသွား၁သောင်းလောက်ကတော့ သွေးပြီးသားဖြစ်နေလောက်ပြီမို့လို့ သူစွမ်းရည်နိုးထတာနဲ့ SSစွမ်းရည်ကိုတခါတည်း ရခဲ့နိုင်တယ် ဒါမှမဟုတ် အခုYoojinစွမ်းရည်သုံးပေးတဲ့အခါ yerimလိုမျိုး Level 10ရောက်တာနဲ့ ဘာမှထပ်လုပ်စရာမလိုတော့ဘဲ စွမ်းရည်တန်းရသွားနိုင်တယ် သို့မဟုတ် လုပ်ရမဲ့ဓားသွားအရေအတွက်က ၁သောင်းထက်ပိုသွားလောက်မလား အဲ့လိုမျိုးပြောချင်တာပါ)

လက်ရှိခေတ်က စက်မှုလုပ်ငန်းတွေဖွံ့ဖြိုးနေတဲ့ကာလမဟုတ်ခဲ့ဘူးဆိုရင် သူဒီလမ်းကြောင်းလျှောက်ဖို့ အဆင်ပြေကောင်းပြေနိုင်လိမ့်မယ်။ ဒါပေမဲ့ ဖြစ်ချင်တော့ သူက မှားယွင်းတဲ့ ခေတ်ကာလနဲ့ပတ်ဝန်းကျင်မှာ မွေးဖွားလာခဲ့တယ်။ ဒါပေမဲ့ အနည်းဆုံးတော့ ကျွန်တော့်စွမ်းရည်ကြောင့် သူ့ရဲ့ပါရမီကို သိသွားနိုင်ဖို့ မျှော်လင့်ချက်ရှိပါသေးတယ်။ အဲ့တာကြောင့်သာမဟုတ်ရင် ဒီစွမ်းရည်က လူမသိသူမသိပျောက်ကွယ်သွားခဲ့မှာ။

'.....လူတွေအပေါ်မှာ စကားဝှက်မသုံးတော့ဖို့ ဆုံးဖြတ်ထားပေမဲ့ ဒီလိုကိစ္စမျိုးတွေမြင်လိုက်ရတော့ ကျွန်တော်စိတ်ယိုင်သွားပြန်ပြီ'

ကျွန်တော်ပျိုးထောင်ခဲ့သောထိပ်သီးHunterလေးများWhere stories live. Discover now