Part - 32.2

25 10 0
                                    

<မင်းကိုရှာတွေ့ပြီ! (၂)>

ကျွန်တော်တို့ Dungeonထဲမဝင်ခင်မှာ ကြိုတင်ခေါ်ထားတဲ့သတင်းထောက်များနဲ့ အင်တာဗျူးအမေးအဖြေများ လုပ်ကြသည်။ ဟိုကောင်စုတ်လေးYoohyunieနဲ့ Yerim-ieက 'ကျွန်တော်တို့က အရမ်းရင်းနှီးကြပါတယ်'ဆိုတဲ့ပုံစံနဲ့ သရုပ်ဆောင်နေကြတဲ့အချိန်မှာ ကျွန်တော်နဲ့Myeongwooကတော့ သေချာပေါက်ကို ဘေးဖယ်ခံထားကြရတာပေါ့။

မသိရင် သူတို့နှစ်ယောက်က  အမှန်တကယ်ကောင်းမွန်တဲ့ စီနီယာ-ဂျူနီယာဆက်ဆံရေးရှိတယ်လို့ လူတွေထင်သွားလောက်တယ်။ လူလိမ်လေးတွေ။ ....ကျွန်တော့်အနေအထားနဲ့ ဒီစကားကိုမပြောသင့်ဘူးဆိုပေမဲ့လို့ပေါ့။

ကျွန်တော်တို့ဝင်တိုက်မဲ့Dungeonက ယောဝွီဒိုရပ်ကွက်နားမှာ တည်ရှိ၏။

မွန်းစတားများ မပြည့်ကျပ်သေးသည့် Dungeonတစ်ခု၏ဝင်ပေါက်မှာ ပုံမှန်အားဖြင့် လူတစ်ကိုယ်စာနှစ်ကိုယ်စာဆန့်ရုံသာ ရှိလေသည်။ လက်ရှိတွင် အခြေအနေများကို ကောင်းမွန်စွာထိန်းချုပ်ထားနိုင်သော်ငြား  ဝင်ပေါက်များမှာအရွယ်အစားသေးလွန်းသည့်အတွက်ကြောင့် တစ်ခါတစ်ရံတွင် ရှာမတွေ့လိုက်သည့်Dungeonများက ကျိုးပေါက်သွားလေ့ရှိကြသည်။

Dungeonဝင်ပေါက်တစ်ခုကို ရှာဖွေတွေ့ရှိသည့်အခါတိုင်း  အဆင့်ပေါ်မူတည်၍ ဝင်ပေါက်၏ပတ်ပတ်လည်တွင် ခုခံကာကွယ်ရေး အဆောက်အအုံကို ဆောက်လုပ်ကြရသည်။ ထို့နောက် အစည်းအရုံးမှ အုပ်ချုပ်ရေးမှူးများက ၎င်း၏အခြေအနေကို တစ်ရက်လျှင်၂၄နာရီ စောင့်ကြည့်ကြရသည်။

အကယ်၍ Dungeonဝင်ပေါက်က အဆောက်အအုံတစ်ခုအတွင်းမှာ ပေါ်လာခဲ့ပါက ထိုအဆောက်အအုံတွင်နေထိုင်သောလူများအားလုံး နေရာပြောင်းရွေ့ပေးကြရသည့် ကံမကောင်းသောဖြစ်ရပ်မျိုးကိုလည်း ကြုံကြရသေးသည်။ သို့သော်လည်း နစ်နာကြေးများမှာမူ ရက်ရက်ရောရောရှိလှ၏။ နစ်နာကြေးများကို Dungeonမှရသည့်အကျိုးအမြတ်များဖြင့် ပေးတာဖြစ်သောကြောင့်  ထိုအဆောက်အဦး သို့မဟုတ် မြေကွက်၏ပျမ်းမျှပေါက်ဈေးထက် ပိုများသောပမာဏကို အိမ်ပိုင်ရှင်က ပြန်ရလေ့ရှိသည်။ သို့သော်ငြား အကျိုးအမြတ်ချင်းယှဉ်လျှင် ဘိတ်ချေးရောက်နေသည့် Fအဆင့်Dungeonတစ်ခုက အလွန်အမင်းတန်ဖိုးကြီးလှသော မြေနေရာတွင် ပေါ်လာတတ်သည့် ကြေကွဲစရာအဖြစ်အပျက်မျိုးလဲ ကြုံရတတ်ပါသေးသည်။

ကျွန်တော်ပျိုးထောင်ခဲ့သောထိပ်သီးHunterလေးများWhere stories live. Discover now