<မင်းကိုရှာတွေ့ပြီ! (၃)>
အဲ့ဒီနောက်မှာတော့ Dungeonရှင်းလင်းရေးက ချောချောမွေ့မွေ့ဖြစ်သွားပါတော့တယ်။ Yoohyunieက ဘာမှထပ်မပြောတော့သလို Yerim-ieကလည်း ဟိုပြေးလိုက်ဒီပြေးလိုက်နဲ့ အလုပ်ရှုပ်နေခဲ့တယ်။
လေထန်တဲ့လျှိုမြောင်ထဲကနေ ကျွန်တော်တို့ထွက်လာခဲ့တဲ့အခါ ကျယ်ပြန့်တဲ့ တောင်ကြားချိုင့်ဝှမ်းဒေသက မြင်ကွင်းထဲပေါ်လာခဲ့တယ်။ အစိမ်းရောင်စားကျက်မြေပေါ်မှာ ရာချီသောတောင်ဆိတ်တွေက အုပ်လိုက်ကြီးတည်ရှိနေပြီး တောင်ဆိတ်အုပ်ကြီးရဲ့အလွန်မှာတော့ အနက်ရောင်သားမွေးရှိတဲ့ အလွန်ကြီးမားလှသော ဆိတ်တစ်ကောင်ကို တွေ့လိုက်ရတယ်။ 'ငါကBossပဲ'ဆိုတဲ့ အချက်ပြဆိုင်းဘုတ်ပါ ထောင်ထားလိုက်ပါတော့လား။
ဒါပေမဲ့လည်း ခုလိုမျိုး သိသာအောင်လုပ်ပေးထားလို့ ကျေးဇူးတင်ရမယ်။ ပုန်းလျှိုးကွယ်လျှိုးလုပ်တတ်တဲ့ Bossနဲ့သာတိုက်ရရင် တော်တော်ကြီးကို စိတ်ရှုပ်စရာကောင်းမှာ။
"Hyung Level 9ပဲရှိသေးတယ်လို့ ပြောခဲ့တာမလား?"
Yoohyunieကမေးတယ်။ ကျွန်တော်က အကောင်တိုင်းကို Myeongwooဆီကိုပဲ တွန့်ပို့ပေးခဲ့တာဖြစ်လို့ ကျွန်တော်အခုထိ Level 10မရောက်သေးဘူး။ Myeongwooကတော့ လွန်ခဲ့တဲ့နာရီဝက်လောက်ကတည်းက Level 10ရောက်သွားခဲ့ပါပြီ။ သို့သော်လည်း စွမ်းရည်အသစ်တစ်ခုမှထပ်မပေါ်လာလို့ သူက စိတ်ပျက်လက်ပျက်ဖြစ်နေလေရဲ့။
ကြည့်ရသလောက်တော့ သူLevel 10ရောက်ရင် ရလာမဲ့စွမ်းရည်က ရွှေပန်းပဲဖိုပိုင်ရှင်နဲ့ အစားထိုးခံလိုက်ရတာ ဖြစ်ရမယ်။
Level ဆယ်ဆင့်တိုးလာတာတောင်မှ စွမ်းရည်အသစ်ပေါ်မလာရတဲ့ အကြောင်းရင်းကတော့ အခြေအနေသတ်မှတ်ချက်တွေမပြည့်မီသေးလို့ လို့ပြောလို့ရပါတယ်။ နောက်ပိုင်းမှာ သတ်မှတ်ချက်တွေပြည့်မီသွားတဲ့အခါကျရင် စွမ်းရည်က ချက်ချင်းပေါ်လာတာလဲဖြစ်နိုင်သလို ဘယ်တော့မှပေါ်မလာတာမျိုးလဲ ဖြစ်သွားနိုင်တယ်..... ဒါကတော့ ကံပေါ်မှာလဲ တစ်ဝက်မူတည်နေတာပါ။
"တကယ်တော့ ငါLevel 10ရောက်စရာမလိုပါဘူး"
"နောက်ထပ်စွမ်းရည်အသစ်တစ်ခုလောက်ထပ်ရရင် Hyungအတွက် ပိုအဆင်ပြေသွားတာပေါ့။ ကျွန်တော် ဒီဖက်ကို နည်းနည်းလောက်ဆွဲခေါ်ခဲ့မယ်"
YOU ARE READING
ကျွန်တော်ပျိုးထောင်ခဲ့သောထိပ်သီးHunterလေးများ
Fantasy[မြန်မာဘာသာပြန်] ဟန်ယူဂျင်းတို့ရဲ့Hunter worldကို အလည်အပတ်သွားလိုက်ကြရအောင် ⌒(*'>∀<')つ.........