Part - 34.1

27 8 2
                                    

<အဲ့လိုမျိုးသုံးရတာမဟုတ်ဘူး>

လွင်ပြင်တစ်ခုလုံးကို ဖုံးလွှမ်းထားတဲ့ မီးတောက်အများစုကတော့ ငြိမ်းသတ်သွားပါပြီ။ နောက်ဆုံးကျန်ရစ်နေတဲ့မြက်ပင်လေးတွေမှာ မီးစွဲနေတဲ့ မီးတောက်လေးတွေကလည်း Yoohyunieရဲ့ခြေထောက်အောက်မှာ ငြိမ်းသတ်ခံလိုက်ရတယ်။ မီးတောက်တွေက သူ့ကိုခုခံနေသလိုမျိုး ရုန်းကန်နေကြပေမဲ့ မီးတောက်တစ်ခုတစ်လေကမှ Yoohyunieရဲ့ဖိနပ်ကို စွန်းထင်းအောင်မလုပ်နိုင်ကြဘူး။

ဂုဏ်သတ္တိပိုင်းဆိုင်ရာ စွမ်းရည်ခုခံနိုင်စွမ်းက Bအဆင့်ထက်မြင့်နေရင် လူတင်မကဘဲ ဝတ်ထားတဲ့ အဝတ်အစားနဲ့ပစ္စည်းကိရိယာတွေပါ ကာကွယ်ပေးတာဖြစ်တယ်။ Han Yoohyunရဲ့ မီးတောက်ခုခံနိုင်စွမ်းက အထင်ကြီးလောက်စရာ Sအဆင့်ဖြစ်နေတာမို့ သာမန်မီးတွေသာမက Sအဆင့်မွန်းစတားတွေရဲ့ စွမ်းအားပြင်းမှော်စွမ်းအားပါဝင်တဲ့ မီးတောက်တွေကပါ ကျွန်တော့်ညီလေးကို နည်းနည်းလေးမှ ထိခိုက်အောင်လုပ်နိုင်မှာ မဟုတ်ဘူး။ Aအဆင့်သာသာအကောင်လေးဆိုရင်တော့.... စကားထဲထည့်ပြောနေစရာတောင် လိုပါအုန်းတော့မလား။

-Bbiiii

Yoohyunieက သူ့နားချဉ်းကပ်လာတာကို မြင်တဲ့အခါ ရွှေရောင်နှုတ်သီးMaiyaက မထင်မှတ်ထားတဲ့ အသံသေးအသံကြောင်နဲ့ အော်လာခဲ့တယ်။ အလျားလိုက်မျက်စံရှိတဲ့ အနီရောင်မျက်လုံးတွေက Yoohyunieကိုလှည့်ကြည့်လာပြီး လည်ဆံမွေးတွေထောင်လာပြီးနောက် တောင်ပံကို အနည်းငယ် ဖြန့်ကားထားလိုက်တယ်။ သူက သိသိသာသာကြီးကို သတိထားပြီးအကဲခတ်နေတာ။

- Bbiik bbiik

မှော်ဝင်ငှက်က သတိပေးတဲ့အနေနဲ့ အော်သံအတွဲလိုက်ပေးပြီးနောက် တောင်ပံခတ်ကာ ကောင်းကင်ပေါ်ကို ပျံတက်သွားတော့တယ်။

Yoohyunieက သွားနေတာကို ရပ်လိုက်ပြီး ဧရာမငှက်ကြီးကို မော့ကြည့်လိုက်တယ်။ သူ့ရဲ့ ကြီးမားလှတဲ့အရိပ်က မီးကျွမ်းနေတဲ့လွင်ပြင်တစ်လျှောက်ပေါ်မှာ အရှိန်နဲ့ ဖြတ်သန်းသွားတယ်။ သူ့ရဲ့အနီရောင်တောင်ပံကို ခတ်လိုက်တဲ့အခါတိုင်း ကောင်းကင်ပေါ်ကနေ မီးမိုးတွေရွာချနေသလိုပင်။ မီးပွားတချို့က Yoohyunieကို ထိသွားခဲ့ပေမဲ့ ကျွန်တော်မှန်းခဲ့သလိုပဲ မီးတွေကသူ့ကိုထိတာနဲ့ ချော်ထွက်သွားလို့ သူ့မှာ မီးလောင်ရာတစ်ခုတစ်လေတောင်မှ မကျန်ရစ်ခဲ့ပါဘူး။

ကျွန်တော်ပျိုးထောင်ခဲ့သောထိပ်သီးHunterလေးများWhere stories live. Discover now