Part - 33.1

28 8 1
                                    

<မင်းကိုရှာတွေ့ပြီ! (၃)>

-ပဲ~~~~~

တောင်ဆိတ်တွေရဲ့အော်သံက နေရာတိုင်းမှာ ပဲ့တင်ထပ်နေတယ်။

အဆင့်နိမ့် Dအဆင့် ကျောက်ဆောင်မြေအနေအထားရှိသော Dungeon။

ဒီလိုနေရာမှာ ပေါ်လာလေ့ရှိတဲ့မွန်းစတားတွေကတော့ ကျောက်ဆောင်တွေပေါ်မှာကျက်စားတဲ့ တောင်ဆိတ်တွေပဲဖြစ်ပါတယ်။ သူတို့ကို 'Rock Goat'လို့ခေါ်ပြီး သူတို့ရဲ့အသင့်တော်ဆုံးမူရင်းစွမ်းရည်တွေကတော့ 'ဦးခေါင်းဖြင့်ဝင်တိုက်ခြင်း' နဲ့ 'ခြေဆောင့်နင်းခြင်း'တို့ဖြစ်၏။

အပင်ပေါက်လေးစွမ်းရည်က တကယ်ကိုအသုံးဝင်လှတယ်။ ကျွန်တော့်ဂုဏ်ပုဒ်အောက်ကစွမ်းရည်တွေထဲမှာ သူကအဆင့်အနိမ့်ဆုံးဆိုပေမဲ့ ကျွန်တော့်အတွက်တော့ သူကအသုံးဝင်ဆုံးတစ်ခုပဲ။

ဒါပေါ့ တစ်စုံတစ်ယောက်ရဲ့ အချက်အလက်တွေကို ကြည့်ရှုနိုင်တဲ့ အခြားသော ရှားပါးတဲ့စွမ်းရည်မျိုးတွေ ရှိပါသေးတယ်။ ဒါပေမဲ့ သူတို့ရဲ့ကိုယ်ပိုင်ခွန်အားအဆင့်နဲ့တန်းတူ ဒါမှမဟုတ် ပိုနိမ့်တဲ့လူတွေကိုသာ စစ်ဆေးနိုင်ကြတာပါ။ အဲ့ဟာတွေနဲ့ နှိုင်းယှဉ်ကြည့်လိုက်ရင် အပင်ပေါက်လေးစွမ်းရည်က ဘယ်အဆင့်ပဲဖြစ်ဖြစ် ခွန်အားနဲ့စွမ်းရည်တွေကို စစ်ဆေးကြည့်နိုင်တဲ့ အချက်အလက်ပံ့ပိုးပေးတဲ့စွမ်းရည်မျိုး ဖြစ်နေတာကိုတွေ့ရလိမ့်မယ်။

ဒီစွမ်းရည်ရဲ့အဓိကရည်ရွယ်ချက်က အချက်အလက်ပြမျက်နှာပြင်ကို စစ်ဆေးကြည့်ရုံတင် မဟုတ်လောက်ဘူး။ ပြီးတော့ ကန့်သတ်ချက်တွေလဲရှိနေတယ်ဆိုပေမဲ့ ဒါကလည်း မင်းက စွမ်းရည်ကို ဘယ်လိုသုံးမလဲဆိုတဲ့အပေါ်မှာ မူတည်နေပါသေးတယ်။

ရှီးးး―

ပြန့်ပြူးတဲ့မြေပြင်ပေါ်မှာရှိနေသလိုမျိုး မတ်စောက်တဲ့ကျောက်ကမ်းပါးတွေပေါ်မှာ ပြေးလွှားနေတဲ့ တောင်ဆိတ်တွေရှိရာကို နှင်းလိုဖြူစွတ်နေတဲ့ မြူတွေက ပျံ့နှံ့သွားတယ်။ အဆင့်မြင့်Dungeonထဲမှာသာဆိုရင်တော့ ဒီလောက်က မွန်းစတားတွေကိုတစ်ခဏလောက် ရပ်တန့်စေရုံပဲဖြစ်မှာပါ။ သို့သော်လည်း Dအဆင့်မွန်းစတားတွေကတော့ အေးစက်တောင့်ခဲသွားပြီး မြေပြင်ပေါ်ကို ပြုတ်ကျသွားကြတော့တယ်။ တကယ်ကို ရေခဲရုပ်ထုတွေလို ဖြစ်သွားကြတာပါ။

ကျွန်တော်ပျိုးထောင်ခဲ့သောထိပ်သီးHunterလေးများWhere stories live. Discover now