သူနဲ့ဆင်တူဖြစ်မလား ဆိုတဲ့မျှော်လင့်ချက်နဲ့ ကလေးဆန်ဆန်လုပ်ရပ်မျိုး လုပ်ခဲ့မိသည်။၊ထိုနေ့က တန်ဆောင်မုန်းလပြည့်နေ့၊တစ်နည်းအားဖြင့် အက္ခရာရဲ့ တရားဝင်၂၅နှစ်ပြည့်သည့်နေ့။
မနက်ဖြန်လိုလပြည့်ဆိုရင် ဒီနေ့ညမှသိရသော သူ့မွေးနေ့အစီအစဥ်မှာ မိဘမဲ့ကျောင်းတွင် သွားလှူရန်ဖြစ်သည်။နှစ်တိုင်းသွားနေကျဖြစ်ပေမယ့် ကိုယ်ကဒီနှစ်မှသိရတော့ ဘယ်လိုပစ္စည်းမျိုးပါဝင်ရမလဲမသိခဲ့။မေသဇင်ကိုင်ထားတဲ့ သင်္ကန်းဘူးကိုမြင်မှ စိတ်အားငယ်စွာ သိလိုက်ရသည်။သွားခါနီးကားထွက်တော့မှာမို့ သူမလို ကိုယ်ကဘာမှမပါ။ဆင်တူဖြစ်မလားဆိုတဲ့ မျှော်လင့်ချက်ဖြင့် ဘုရားကြီးသွားတုန်းကအတိုင်း ယောပုဆိုးနဲ့ အဖြူရောင်ရှပ်အင်္ကျီကိုဝတ်ခဲ့သော်လည်း အက္ခရာရဲ့ ပုဆိုးမှာ အနက်မှာအဖြူဆင်းမဟုတ်ဘဲရွှေရောင်အမျှင်ဖြစ်နေသည်။ပြီးခဲ့တဲ့ နှစ်က မေသဇင်လက်ဆောင်ပေးတာလို့ သူကိုယ်တိုင်ပြောပြလို့သိရ၏။သူငယ်ချင်းဖြစ်သူအကြောင်း ခပ်ပြုံးပြုံးနဲ့ သွေးရိုးသားရိုးပြောပေမယ့် ကိုယ့်အပြုံးတွေမပီပြင်။ဒါကိုလည်း သူရိပ်မိမယ်မထင်ပါ။
ဘာလို့ဆို ယခုမနက်ခင်းမှာ အက္ခရာရဲ့ဆိုင်ကယ်အနောက်ကလိုက်မယ့်သူဟာ ကိုယ်မဟုတ်တာတောင် ရအောင် ပြုံးနေနိုင်သေးတာပဲ။
တစ်စုံတစ်ယောက်ကို တစ်ဖက်သတ်ချစ်ရသည့် ချစ်ခြင်းက အဆင်ပြေသွားမှာပါဆိုတဲ့ ကိုယ့်ဘာသာအားပေးသော မုသားကိုလည်း တတ်မြှောက်စေတတ်သလား မသိပါ။သေချာတာကတော့ ချစ်မိပြီဆိုတာနဲ့ အတိုင်းထက်လွန်သော သည်းခံမူတွေ အလိုလိုပေါက်ဖွားနေတာပါပဲ။
ဘုန်းပြည့်ရဲ့ မိသားစုပိုင်ဖြစ်သော ခွေးဘီလူးကားလေးပေါ် မှာ မုန့်ထုပ်နဲ့ အချိုရည်ဘူးများ တစ်ဝက်ခန့်နေရာယူထားသည်။အနောက်ဖျားမှာ မိုက်ကယ်နဲ့ညီမြင့်မြတ်လိုက်ပြီး အပြုံးချိုချို အသားခပ်လတ်လတ်ဘုန်းပြည့်ရဲ့ အမျိုးသမီးက ကိုယ့်ကိုရှေ့ခန်းတွင်ထိုင်ဖို့ပြော၏။ ထိုအချိန် ဆိုင်ကယ်ဦးထုပ်စောင်းနေသော အက္ခရာထံ လှမ်းကြည့်ပြီး လိုက်မယ့်နေရာကို ပြောဖို့လုပ်သော်လည်း
YOU ARE READING
Painting On The Skin
RomanceBlack and white, but they are the most compatible colors in the world. Own Creation by ZReed_Feb29 Cover by Pinterest