Ep-3(Unicode)

14.9K 1.2K 74
                                    


နွေနဲ့မိုးရာသီအကူးအပြောင်းကာလတွင် တုတ်ကွေးအဖြစ်များတာကြောင့် ဆေးခန်းမှာ အမြဲလူကျနေတတ်သည်။ပုံမှန်ဖွင့်ချိန်က မနက်၈နာရီကနေ ညနေ၆နာရီထိသာဖြစ်သော်လည်း လူနာပြည့်တဲ့ရက်ဆိုရင် ည၁၀နာရီလောက်ထိ ရောက်သွားတဲ့နေ့တွေရှိ၏။

ဆေးခန်းနဲ့ နေအိမ်က တွဲရက်တိုက်ခန်းဖြစ်တာကြောင့် အဖွင့်အပိတ်အချိန်ကတော့ အရေးမကြီးလှပါ။အဓိက လူနာတွေသက်သာသွားဖို့ပဲ။

သောကြာနေ့ ညပိုင်း ၁၀နာရီ ဆေးခန်းပိတ်ပြီး မနားသေးဘဲ အခန်းကိုသန့်ရှင်းရေးအရင်လုပ်လိုက်သည်။အကူခေါ်ဖို့တွေးမိပေမယ့် ကိုယ်တိုင်က အသုံးစရိတ်နည်းနေသေးတာကြောင့် မခေါ်ဖြစ်သေးပေ။

ဆေးကုတာရော၊သန့်ရှင်းရေးရောပါ ဖြည်းဖြည်းချင်းပဲ အဆင်ပြေအောင်လုပ်ရသည်။ညအိပ်ချိန်က ၁၁ကျော်နီးပါးဖြစ်တာရယ် တစ်နေကုန် ပင်ပန်းထားတာရယ်ကြောင့် ထိုနေ့ညက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွား၏။

အိပ်မောကျသွားရင် အချိန်ကားဘယ်လောက်မှပင်မကြာ။နားထဲမှ လူအများရဲ့ဆူဆူညံ့ညံ့အသံတွေကြောင့် ပြန်နိုးလာခဲ့သည်။မိုးမလင်းသေးတာမို့ အခန်းထဲမှာမှောင်မည်းနေဆဲပင်။ဖုန်းထဲမှ နာရီကိုကြည့်လိုက်တော့ မနက်၄နာရီစွန်းစွန်းသာရှိသေးသည်။

ထထိုင်ရင်း အပြင်က ပိုမိုဆူညံ့လာသည့် အသံတွေကို သေချာကြားလိုက်ရချိန် သူ့တစ်ကိုယ်လုံး ထိတ်လန့်တုန်ရီသွား၏။ချက်ချင်းအခန်းထဲကပြေးထွက်ပြီး အောက်ထပ်ကိုဆင်းလိုက်တော့ မီးခိုးများနှင့်လုံးနေသော ညှော်နံ့တွေဟာ နှုတ်ခေါင်းထဲရော ပါးစပ်ထဲပါ ဒရောသောပါးဝင်ရောက်လာသည်။

"ဆရာလေး မီး...မီး ဘေးတိုက်ခန်းက မီးလောင်နေတယ်"

မှန်တံခါးဆွဲဖွင့်လိုက်တာနဲ့ ဟင်းဆိုင်မှ အမျိုးသမီးက အော်ပြောနေတာဖြစ်သည်။တစ်ရပ်ကွက်လုံးဝိုင်းငြိမ်းတာကြောင့် မီးတောက်ကကြီးမလာသော်လည်း မီးခိုးများအူနေသေး၏။ဆိုင်ခန်းတွေက တွဲရက်ဖြစ်တာမို့ မနိုင်ရင်တော့ မတွေးဝံ့စရာ။အချိန်ကလည်း အိပ်မောကျချိန်မှ လောင်တာဆိုတော့ အန္တရာယ်က လက်တစ်ကမ်းတင်။

Painting On The SkinWhere stories live. Discover now