(New Year Special)
ရင်ဘတ်ကို အလေးအပင်တစ်ခုခုဖြင့် ရိုက်နှက်လိုက်သကဲ့သို့ ထိတ်လန့်တုန်လှုပ်စွာ နိုးလာခဲ့သည်။မျက်လုံးကို ဆတ်ခနဲ ဖွင့်လိုက်ပြီး အသက်ရှူရတာမောဟိုက်လျက်။
ကိုယ့်အဖြစ်အပျက်နဲ့ ဆန့်ကျင်စွာလူတွေရဲ့ ပျော်ရွှင်အော်ဟစ်သံများကြားရသည်။ထို့နောက် တဝုန်းဝုန်းပေါက်ကွဲနေတဲ့ မီးရှူးပန်းအသံတွေ။
ဒီအချိန်ကိုစောင့်နေသလိုမျိုး ချက်ချင်းပါးပေါ်သို့ ပူနွေးသည့် လက်တစ်ဖက် အုပ်ကိုင်လာသည်။အနက်ရောင်မျက်နှာကြက်ထံ ကြက်သေသေသလိုကြည့်နေသည့် ကိုယ့်မျက်နှာအား ညာဘက်သို့ အသာဆွဲလှည့်၏။
လက်ပိုင်ရှင်မှာ ခုတင်တိုင်ကိုကျောမှီထိုင်ပြီး ပေါင်ပေါ်တင်ထားတဲ့I- Pad၏ အလင်းပြန်မှုဖြင့် သူ့မျက်မှန်တွင် ခရမ်းရောင်ပြေးနေသည်။အာရုံကြောမှာ သာမန်ထက်ပိုအားစိုက်ရတဲ့ အလုပ်ကြောင့် ပါဝါမျက်မှန်တစ်လက်က သူ့မျက်နှာချောချောတွင် နေရာယူနေပြီ။
လက်နဲ့ထိကိုင်ထားရုံမက ခန္ဓာကိုယ်ပါ စောင်းငှဲ့လာပြီး နှစ်ကိုယ်ကြားနှစ်သိမ့်သည့် အသံ
"မောင် ဒီမှာ ရှိတယ်"
စိတ်၏ဝေဒနာဖျားနာမူကြောင့် မွေ့ရာပေါ်ကနေ ထဖို့အားယူနေသည့် ကိုယ့်အား ထိန်းပွေ့ကာ ရင်ခွင်ထဲထည့်လိုက်သည်။တစ်ကိုယ်လုံးကို သိုင်းဖက်လွှမ်းခြုံနိုင်သော ရင်ခွင်ကျယ်ထဲ လူးလွန့်တိုးဝှေ့၍နေမိသည်မှာ မိုးခြိမ်းသံကိုကြောက်လို့ မြေတွင်းဆီပုန်းအောင်းနေတဲ့ ယုန်တစ်ကောင်နဲ့မခြား။
နှစ်တိုင်း တစ်နှစ်ကိုအနည်းဆုံး ၂ခါလောက်ကြုံရတဲ့ ထိုကြောက်လန့်မူမှာ သူကအမြဲကုစားပေးသည့်နေရာ။ည၁၂ကျော်ထိ မအိပ်သေးဘဲ Tattoo Video လေ့လာရင်း ကိုယ်နိုးလာမယ့်အချိန်ကို အရံသင့်စောင့်နေသည့်ဟန်။
လူတွေရဲ့ နှစ်သစ်ကိုကြိုဆိုနေသံတွေဟာ တစ်ပြိုင်တည်းလည်းထွက်ပေါ်သလို နောက်ကျမှတစ်ယောက်တစ်ပေါက်အော်သံလည်းရှိသည်။မီးရှူးပန်းများမှာလည်း နောက်နှစ်သီတင်းကျွတ်အထိ မသယ်ချင်လို့ အကုန်ဖောက်နေတဲ့အတိုင်း အခုထိမရပ်တန့်သေး။
YOU ARE READING
Painting On The Skin
RomanceBlack and white, but they are the most compatible colors in the world. Own Creation by ZReed_Feb29 Cover by Pinterest