အပိုင်း -၂၆ က ဇာတ်လမ်းကျောရိုးတစ်ခုလုံးနီးပါးအရှိန်မြင့်စေခဲ့တဲ့ အကြောင်းအရာရဲ့ အဖြေပေါ့နော်။
အဲ့ဒါကြောင့် ဒီအပိုင်းထိ ဇက်ရေးလာသမျှမှာ စာဖတ်သူတို့စိတ်ထဲ ထပ်တူခံစားချက်ရသလားဆိုတာလေးသိချင်လို့ပါ။
မေးခွန်းအရင်မေးပြီး အောက်မှာ ဇက်က သူတို့တစ်ယောက်ချင်းစီကို ဘယ်လိုပုံဖော်ထားကြောင်းပြောပြမယ်နော်။
- အက္ခရာ အပေါ် ဘယ်လိုမြင်လဲ ?
- အက္ခရာက ဒေါက်တာ့ကို လမ်းခွဲဖို့ ရွေးခဲ့တာ မှန်လား?
-ဒေါက်တာ့အပေါ်ရော ဘယ်လိုမြင်လဲ?
-ဒေါက်တာရဲ့ စိတ်နေသဘောထားလေးအပေါ် သုံးသပ်ချက်?
- ကိုကို့အပေါ် စာဖတ်သူတို့အမြင်?
- မေမေရဲ့ ဆုံးဖြတ်ချက်ပေါ် အမြင်?
- မမချယ်ရဲ့ life style အပေါ် ထင်မြင်ချက်?
✨ဒီအထိ ဖတ်လာပြီးသမျှ ခံစားချက်လေး✨
.........
ဇက်ပုံဖော်ထားတဲ့ သူတို့ပုံစံက
အက္ခရာ - သူက ကိုကိုပြောသလို အစပိုင်း တကယ်ဘာရည်ရွယ်ချက်မှ မရှိပါဘူး။ ဝါသနာပါရာလေး လုပ်မယ်။ ရရင် သုံးမယ် မရရင် မသုံးဘူး။သူငယ်ချင်းကောင်းတွေရထားတော့ နေစရာနဲ့စားစရာမပူရဘူးလေ။ဒီအတိုင်း လွတ်လပ်ပြီး ပျော်ပျော်နေတဲ့လူငယ်တစ်ယောက်ပဲ။ ကြုံရင်တော့ ဘုနဲ့ဘောက်ချပြီး ကလန့်တတ်တယ်။ ပင်ကိုယ်ဗီဇကိုက သွေးနည်းနည်းဆိုးတယ်။ ဒေါက်တာနဲ့မတွေ့ခင် ဘယ်သူ့အပေါ်မှ စကားကိုကောင်းကောင်းမပြောပါဘူး။ မိန်းကလေးသူငယ်ချင်း မေသဇင်တောင် သူမညှာဘူး။ ကျန်တဲ့ ညီမြင့်မြတ်၊မိုက်ကယ်နဲ့ဘုန်းဘုန်းတို့ဆို ရှယ်ဆဲခံရပါ။ပြောမနာ ဆိုမနာတွေပါ။
လမ်းခွဲခဲ့တဲ့အကြောင်းအရင်းကတော့ နောက်တစ်ကွက်ကျန်သေးတာကြောင့် သူ့လုပ်ရပ် မှန် ၊ မမှန်က ဇက်စပွိုင်းလို့မရသေးဘူး။
ဒေါက်တာ - သူ့ရဲ့ပင်ကိုယ်စရိုက်လေးက ကလေးဆန်တယ်၊ နူးညံ့တယ်၊တစ်ခါတစ်လေ လူငယ်လေးတစ်ယောက်ပီပီ စကားကိုကန့်လန့်ပြောချင်သေးတယ်။ (ဥပမာ - ကားနဲ့ ဝင်ကျုံးလိုက်တို့) အထိန်းအကွပ်မဲ့ ပြောတာမျိုးပေ့ါ။ ဒါပေမဲ့ အကုန်လုံးက အတွေးထဲမှာပဲရှိတယ်။ အစကနေ အခုထိ ဒေါက်တာ့ POV ကနေ ဖတ်လာတာဆိုတော့ သူ့အတွေးတွေထဲမှာ သူ့စရိုက်လေးတွေအများကြီးသိရမယ်လို့ထင်ပါတယ်။

YOU ARE READING
Painting On The Skin
RomanceBlack and white, but they are the most compatible colors in the world. Own Creation by ZReed_Feb29 Cover by Pinterest