Ep-26(Unicode)

16K 1.3K 194
                                    



မနက် ၈နာရီကနေ ၁၁နာရီထိ ကျင်းပသည့် မင်္ဂလာဧည့်ခံပွဲမှာ ၁၀နာရီခွဲအချိန်သို့ရောက်ရှိလာပြီဖြစ်သည်။မေမြို့ကို၂ရက်ကြိုရောက်ခဲ့သော်လည်း ရန်ကုန်က မေမေဧည့်သည်တွေနဲ့ မမချယ်မိသားစုတို့အတွက် Hotel ပြင်ဆင်ပေးရ။အကျွေးအမွေးနဲ့ ပန်းအပြင်အဆင်ကိုမေမေနဲ့အတူလိုက်စစ်ရနဲ့ အချိန်က ကုန်မှန်းမသိ ကုန်ခဲ့သည်။ယခုမနက်လည်း နှစ်ဖက်စလုံးမှအသိမိတ်ဆွေများအား သတိုးသားရဲ့ ညီဖြစ်သည့်ကိုယ်က အကုန်လုံးကိုဧည့်ခံဖို့ပြေးလွှားနေရသည်။

"ညီ အရှေ့မှာ အက္ခရာရောက်နေတယ်"

"ဗျာ... ဘယ်သူရောက်တာ ကိုကို"

ရှန်ပိန်ခွက် အသစ်နဲ့အ‌ဟောင်းပြန်လဲနေရင်း အနောက်တိုင်းဝတ်စုံအပြည့်ဖြင့် အနားရောက်လာသော ကိုကို့စကားကြောင့် ဖန်ခွက်များချော်မကျအောင် မနည်းထိန်းလိုက်ရသည်။ကိုယ် နားကြားမှားတာများလား။

"အက္ခရာလေ အခုမနက်ခင်းမှ မန္တလေးကနေ တက်လာလို့နောက်ကျသွားတာတဲ့"

"ကိုကို ဖိတ်လိုက်တာလား"

"အင်း "

ဘာအဓိပ္ပါယ်မှ မပါသည့် ကြည်လင်သော အပြုံးကိုဖော်ဆောင်ပြီးကိုကိုက အဖြူရောင်ဂါဝန်နဲ့ သတိုးသမီးဆီလျှောက်လှမ်းသွားသည်။အစားအသောက်တန်းက အတွင်းမှာဖြစ်ပြီး အပြင်မှာတော့ မြက်ခင်းပေါ် စားပွဲနဲ့ပန်းလေးတွေပြင်ဆင်ထားသည်။ ရိုးရှင်းပေမယ့်လှပသော မင်္ဂလာပွဲ အပြင်အဆင်ကို အမူမဲ့အမှတ်မဲ့သာဖြတ်ကျော်လိုက်၏။ဘယ်ဘက်ထောင့်ဆုံးစားပွဲမှာ ဆေးရုံက အသိမိတ်ဆွေများနဲ့ဆရာဝန်တွေက ကိုကို့သူငယ်ချင်းဖြစ်တာကြောင့် ပွဲပြီးတဲ့ထိမပြန်ဘဲ ထိုင်နေကြသည်။ညာဘက် စားပွဲဝိုင်းတစ်ခုလုံးတွင် သူ တစ်ဦးတည်းသာရှိ၏။

ဂျင်းအနက်ကို ဟူဒီအဝါရင့်နဲ့ တွဲဖက်ဝတ်ထားပြီး ရှည်စပြုလာသည့် ဆံပင်များအား အနောက်သို့သပ်ရပ်စွာဖြီးထားသည်။အနည်းငယ်ပြားနေသယောင်ဖြစ်တာက ဆိုင်ကယ်ဦးထုပ်ဆောင်းလာလို့ဖြစ်မည်။အဖြူရောင်စားပွဲခင်းနဲ့ အနောက်က ထင်းရှူးစိမ်းတို့ကြား သူအသွင်အပြင်ဟာ ကိုယ့်မျက်လုံးထဲ ထင်းလင်းနေ၏။ဖြေးဖြေးချင်းလျှောက်သွားတော့ အနားရောက်မှ ကိုယ့်ကိုမြင်သည်။ဆတ်ခနဲ စားပွဲကိုလက်နဲ့ထောက်၍ ထမလိုလုပ်ပြီးမှ သူ့ကိုယ်သူပြန်ဟန့်လိုက်သည်နှယ် ထတစ်ဝက်ထိုင်တစ်ဝက်ဖြင့်။ကိုယ်ခေါင်းငုံံ့ပြုံးလိုက်သော်လည်း မြင်သွားမှာသေချာသည်။ထို့နောက်မှ နေရာတကျပြန်ထိုင်သွား၏။

Painting On The SkinWhere stories live. Discover now