🖤

11.9K 879 145
                                    



AN/ Extra မဟုတ်ပါဘူးနော်။ အက္ခရာဘက်က POV လေးတွေကို အမှတ်တရပုံစံလေးတွေ ရေးချင်လာလို့ပါ။ သူက နည်းနည်းဘုနဲ့ဘောက်လေးဆိုတော့ အရေးအသားကပါ ဒေါက်တာ့တုန်းကလိုမဟုတ်ဘဲ နည်းနည်း ဘောက်ဆက်ဆက်လေးဖြစ်နေပါမယ်။သူ့ပုံစံနဲ့လိုက်အောင် တမင်အဲ့လို အရေးပြောင်းထားတာပါ။ဘယ်နှပိုင်းရေးဖြစ်မလဲမသိပေမယ့် သတိရတိုင်း လာရေးပါမယ်ဗျ။

…....………

🖤


"ပစ္စည်းက ဘာလိုတာလဲ"

စာရွက်အလွတ်တစ်ခုပေါ် ဘောပင်နဲ့ရေးဖို့ထောက်ရင်း သူမေးလိုက်တော့ အပ်ဘူးတွေနားစစ်နေသည့် ညီမြင့်မြတ်မှ

"ကောက်ကြောင်းထဲက သေးတာနှစ်ကဒ်လောက် "

"5RL ဆိုရလား "

"အေး 1205 မဟုတ်ဘဲ 1005"

"OK"

ညီမြင့်မြတ်ထိုးသည့် လိုင်းက ဖန်စီပုံအသေးဖြစ်တာကြောင့် ထိုးရတဲ့ ကောက်ကြောင်းအပ်မှာလည်း အစုသေးသေးလေးတွေသုံးရသည်။ 1205RL ဆိုတာက အပ်၅ချောင်းအစုဖြစ်ပြီး 1005RLက အဲ့ဒီ၅ချောင်းကိုပဲ ပို၍မျှင်သောအပ်ဖြစ်သည်။ကျန်သုံးယောက်ကတော့ များသော အားဖြင့် ၇ချောင်းနဲ့ ၉ချောင်းလောက်ထိ ကိုင်ရတာဖြစ်၏။ ရှိုတ်အတွက်ဆိုရင်တော့ RM အပြားတွေသုံးရသည်။

သူ စာရွက်ထဲမှာ ဝယ်ရမယ့် စားရင်းမှတ်နေတုန်း ကျန်သုံးယောက်က လိုတဲ့ပစ္စည်းကို စစ်ပြီးပြော၏။

"တစ်ခါသုံးခွက်နဲ့ လက်အိတ်"

မိုက်ကယ်မှ ကောင်တာကိုဖုန်သုတ်ရင်းပြောသည်။ထို့နောက်ဘုန်းပြည့်မှ ပါးစပ်နဲ့အပြည့်အားရပါးရအော်လိုက်သည့် ပစ္စည်းက

"စက်ပက် ဟိတ်ကောင် ၊ စက်ပက် ၂ခုလောက် ဝယ်ခဲ့"

"မင့်ဂျီးတော်ကြီး စက်ပက် ၊ လက်ကိုင်အပတ်ဟ"

"တက်တူးစက်မှာပတ်မှတော့ စက်ပတ်ပဲလေ "

မျက်မှောင်ကုပ်ထားလျက် သူထိုအတိုင်း ရေးမှတ်လိုက်ပြီး

"အေးပါ မင်းပါးစပ်ထဲ အတော်ခံတွင်းတွေ့နေတဲ့ဟာကြီး မှတ်လိုက်ပြီ ဟုတ်ပြီလား"

Painting On The SkinWhere stories live. Discover now