Ep-29(Zawgyi)

3.2K 30 0
                                    



ရန်ကုန်နဲ့ မန္တလေးဟာ ကိုယ့်အတွက် အိမ်ဉီးခါးပြင်လိုဖြစ်နေခဲ့တာ ရက်အတော်ကြာပြီဖြစ်သည်။ ရန်ကုန်က ကိုကို့ဆေးရုံမှာ တစ်ပတ်တွင် ၃ရက်ထိုင်ဖြစ်ပြီးရက်သက်တစ်ပတ်ရဲ့ ကျန်၎ရက်မှာတော့ မန္တလေးမှာပဲရှိနေတတ်သည်။ထိုအခါ

"နောက်ပိုင်းတော့ ဒီမှာပဲ အပြီးပြောင်းနော် ၊ တစ်ပတ်တစ်ခါ မောင်ရင်ပူရလွန်းလို့ပါဗျာ"

မိုင်ပေါင်းရာချီတဲ့ ခရီးအားကိုယ်တစ်ယောက်တည်း အသွားအပြန်မောင်းနေတာကို သူစိတ်မချစွာပြောသည်။နောက်နှစ်ထဲတော့ မန္တလေးက ‌မိတ်ဆွေတစ်ဉီး၏ ဆေးရုံမှာပဲ အခြေချဖို့ အစီအစဉ်ဆွဲထားကြောင်းပြောမှသာ သူ့မျက်နှာလေး ရွှင်လန်းခဲ့သည်။

ဒီတစ်ပတ်က နေ့လယ်ပိုင်း ဆေးခန်းကိုရောက်လာတော့ တစ်ယောက်တည်းဖြစ်တာကြောင့် အစားအသောက်ကို အဆင်ပြေသလို လုပ်ဖို့တွေးနေချိန် မှန်တံခါးဖွင့်သံကြားလိုက်ရသည်။ပြန်လာဖို့ နောက်ထပ် ၄ရက်လောက်ထိ လိုသေးကြောင်း ကိုယ်သိရှိနေတာမို့ မထင်မှတ်ဘဲ တွေ့လိုက်ရချိန် အံ့သြဝမ်းသာနေမိ၏။

ချည်ဂျင်းဒဲ့ပွကို စပို့ရှပ်အနက်နဲ့တွဲဝတ်ထားသည့် သူက အထုတ်တွေကိုပစ်ချကာ လက်နှစ်ဖက်အားဆန့်တန်းလာသည်။ထိုရင်ခွင်ထဲသို့ ကိုယ်မဆိုင်းမတွပြေးဝင်လိုက်ပြီး

"လွမ်းနေတာ"

"မောင်ရောပဲ ပြပါအုံး မျက်နှာလေး"

လက်ခုပ်နှစ်ဖက်နဲ့ ညှပ်ယူပြီး ကိုယ့်မျက်နှာအစိပ်အပိုင်းအကုန်လုံးကို မလွတ်တမ်းကြည့်သည်။ထို့နောက် နှဖူးပြင်အားအချိန်ကြာကြာဖိကပ်နမ်း၏။

"နောက်ထပ် ၄ရက်လောက်ကျန်သေးတယ်ဆို"

"ဟုတ်တယ် အချစ်ကို တွေ့ချင်လွန်းလို့ ညဘက်တွေပါအစားထိုးရေးလိုက်တာ"

သူ့မျက်လုံးရဲ့ အောက်ခြေနားမှာ အကွင်းလိုက်ညိုနေတာ မထူးဆန်းတော့ပါ။ အရင်ကတည်းက မာနကြီးတတ်တဲ့ဒီကောင်လေးက ကိုယ့်ဘဝကို အပြည့်အဝတာဝန်ယူပေါင်းဖက်ဖို့ကိုလည်း သူတစ်ယောက်တည်းသာ ရုန်းကန်နေသည်။ပြေလည်တဲ့ အဆင့်နဲ့ရပ်လိုက်ရင် ဟိုးတစ်ချိန်က ရသုံးကောင်နဲ့ ဘာကွာမှာလဲဟု ကိုယ့်ဘာသာချိုးနိုမ့်၍ လက်ထဲငွေအလုံးအရင်းရမယ့် လမ်းကိုသူသွားခဲ့ခြင်းဖြစ်၏။

Painting On The SkinWhere stories live. Discover now