Ep-12(Unicode)

12K 1.1K 86
                                    



"အဖျားမရှိတော့ရင် ဒီနေ့အကြောဆေး သွင်းမယ်နော်"

"အ‌ကြောဆေးက တင်ပါးထိုးတာထက် နာမှာလား ဆရာ"

"အင်း နည်းနည်းပိုနာမယ် ခဏပါပဲ "

အသက်လတ်ပိုင်းရွယ် လူငယ်တစ်ဦးဆိုသော်လည်း နေမကောင်းထားတဲ့အရှိန်ရယ် ကိုယ်ခံအားနည်းနေတာရယ်ကြောင့် အပ်မြင်တာနဲ့တွန့်နေလေသည်။ကိုယ် အပ်ကို ဖြည်းဖြည်းချင်းပဲ အကြောရှိရာထိုးသွင်းလိုက်တော့ တစ်ချက်အော်ပေမယ့် လက်ကိုတော့ လုံးဝမလှုပ်။ကလေးတစ်ယောက်ထံ ပြုံးပြလေ့ရှိသည့် အပြုံးကိုဖော်ဆောင်ပြီး အားပေးလိုက်သည်။

ထိုအချိန် ဆေးခန်းမှန်တံခါးပွင့်လာ၏။ဆေးခန်းပိတ်ချိန်ကျော်ပြီဖြစ်သော်လည်း လာသမျှလူနာမကုန်မချင်း ကုသပေးရမည့် တာဝန်ရှိသည်။ကိုယ်လှုပ်လို့အပ်ကလန့်ရင် လူနာက ရုန်းလိုက်မှာစိုးတာကြောင့် တံခါးပေါက်ဘက်ကို မျက်နှာမလှည့်မိ။ဆေးရည်ကုန်သွားမှ ဂွမ်းနဲ့ဖိကာအပ်ကို ဆွဲနှုတ်လိုက်သည်။အရံသင့်ယူထားတဲ့ စက္ကူတိတ်နဲ့ ဂွမ်းပေါ်ကို ပတ်ပြီးမှ နောက်ထပ်လူနာထံလှမ်းကြည့်လိုက်သည်။

သို့သော် ထင်ထားသလိုမျိုး နေမကောင်းတဲ့ လူနာမဟုတ်။ထိုအစား မျက်နှာဆူပုတ်ပုတ်နဲ့ထိုင်နေသော အက္ခရာကိုတွေ့လိုက်ရသည်။ကိုယ်လှမ်းကြည့်တာမြင်တော့ ပိုပြီး မျက်မှောင်ကုပ်ကာ တစ်ခုခုကို ပြောချင်နေသည့်ဟန်။လူနာရှိနေတာကြောင့် သူ့နှုတ်ခမ်းသူခပ်တင်းတင်းစေ့ထားတာမြင်တော့ ကိုယ်ရယ်ချင်စိတ်ကိုမနည်းထိန်းထားရသည်။ဒီအမူအရာဖြစ်လာလိမ့်မယ်ဆိုတာ မနက်ကတည်းက ကြိုတွက်ထားပြီးသား။လူနာပြန်သွားတော့မှ ဆိုင်ရဲ့မှန်တံခါးကို အက္ခရာကထပိတ်ပြီးတာနှင့်တစ်ပြိုင်တည်း

"ဒေါက်တာ ကျွန်တော့်ကို ဂျင်းထည့်တယ်"

"ဟင် ကိုယ်ဘာလုပ်လို့လဲ"

လက်သန့်ဆေးရည်ကို ပွတ်ဆေးနေရင်း သူ့ထံကြည့်ကာ မချိုမချဥ်ပြုံးမိတော့ အက္ခရာရဲ့ မျက်နှာပို၍ ဆူပုတ်သွား၏။မနေ့ညနေက ဖတ်ကြည့်ဖို့ငှားလိုက်တဲ့ စာအုပ်က သူ့လက်ထဲမှာ

Painting On The SkinWhere stories live. Discover now