Ep-14(Unicode)

572 234 19
                                    


ပြန်လည်ရရှိတဲ့ အနွေးဓာတ်အပြည့်ဖြင့် ကျောပြင်ကျယ်၊အနီးကပ်မြင်ရသည့် သူ့ဂုတ်က ဆံနွယ်တို့အား ငေးကြည့်ရင်း အတူပြန်လိုက်ခွင့်ရသည်။

တောင်အောက်ကိုရောက်ပြီး ပြန်ခါနီးတော့ အက္ခရာရဲ့ ဆိုင်ကယ်အနောက်မှာ ကိုယ်လိုက်မယ်လို့ သိသိချင်း မျက်နှာတစ်ချက်မပျက်သောသူက မေသဇင်ပင်။သူမက ဆိုင်ကယ်ဦးထုတ်ကိုပါ ကိုယ့်လက်ထဲသေချာကမ်းပေး၏။သူငယ်ချင်း အချင်းချင်း ခင်မင်ရင်းနှီးမူနဲ့ ရိုက်ပုတ်စနောက်ခြင်းကလွဲလို့ သူတို့နှစ်ဦးကြားတွင် မည်သည့်ကြိုးမှမရှိ။မေသဇင်ရဲ့ ရိုးသားသော မျက်ဝန်းတွေကို သေချာမြင်လိုက်ရချိန် ကိုယ့်မှာ အပြစ်ရှိသလိုခံစားလာရသည်။မည်သည့်ပြိုင်ဆိုင်ခြင်းမှမရှိသော မိန်းမငယ်လေးတစ်ဦးကို အချစ်လို့ခေါင်းစဥ်တပ်တဲ့ အတ္တအောက်မှာ အထင်လွဲပြီး မနာလိုခဲ့မိတာ။

ပထမဆုံး ပိုင်ဆိုင်ချင်တဲ့ စိတ်ဖြင့် စွဲလမ်းမူဟာ အက္ခရာနဲ့မှ ဖြစ်ပေါ်လာတာကြောင့် သူနဲ့ပတ်သက်လာရင် ဆင်ခြင်တုန်တရားအလွန်းနည်းလေသည်။ဒါဟာ မကောင်းမှန်းသိရက်နဲ့ ထိန်းချုပ်လို့မရ။သူ့ဘက်က စိတ်ကို သူကိုယ်တိုင်နားမလည်ခင် ကိုယ်ကရိပ်မိနေသောကြောင့် ရူးသွပ်မူက အတိုင်းထက်လွန်နေတာဖြစ်မည်။

တောင်ကုန်းလမ်းလေးထဲမှာ ဆိုင်ကယ်ယိုင်သွားလည်း မကြောက်၊ဖုန်မှုန့်တွေ အလိတ်လိတ်ထသော လယ်ကွင်းဘေးက မြေလမ်းကိုလည်း ကိုယ်မမူပါ။နောက်ဆုံး ရုတ်တရက် ရွာချလိုက်သော မိုးစက်တွေကိုပါ နှစ်ယောက်အတူရှိနေတာကြောင့် လျစ်လျူရှု့နိုင်၏။

သို့သော် အက္ခရာဆိုတာ သူ့ကိုယ်သူထက် ရှိုင်းမင်းခန့်အတွက် ပိုပူတတ်သူပီပီ ရာသီဥတုအား ငြူစူပစ်၏။ဘေးမှာ မိုးခိုစရာ ဆိုလို့ အပင်ရိပ်တောင်မရှိသော စံပါးခင်းနှစ်ခုအလယ်မှာရောက်နေသည်။ဆောင်းဝင်ခါနီး မိုးနှောင်းမို့ လေနဲ့အတူဝေ့တိုက်လာတိုင်း မေးချင်းရိုက်အောင်ချမ်းလာ၏။

ကားနဲ့အရင်ပါသွားသော မေသဇင်ကံကောင်းသည်ဟုဆိုရမည်။အကုန်ပြန်သွားတဲ့အထိ အတူလိုက်မပြန်သေးဘဲ ကျောင်းဝန်းထဲမှာ အမှိုက်လဲခြင်း၊ ရေခပ်ခြင်းအလုပ်အား အက္ခရာနဲ့အတူတူ ကုသိုလ်ယူခွင့်ရသည့် ကိုယ်က ပိုကံကောင်းသည်။မိုးရေစိုလည်း ဘာအရေးလဲ။ ဖက်ထားလို့ရသည့် ကျောပြင်ကျယ်က မျက်စိရှေ့မှာရှိနေတာပဲ။

Painting On The SkinWhere stories live. Discover now