You Are Cordially Invited To
The Wedding OfDr.Shine Min Khant
M B B S(Ygn) , MSC( oncologis)&
AKaYar Phyo
Tattoo Artist(Mdy),Shine Tattoo Studio🖤31🖤
Jan ~Monday ~2021
Switzerland
Lake Geneva( 9:00AM)စာရွက်ပေါ်မှာ သူ့လက်ရေးဖြင့် အကြမ်းပုံစံဖော်ထားသော မင်္ဂလာဖိတ်စာအား ကိုယ်အကြိမ်ကြိမ် ဖတ်ကြည့်နေမိ၏။မင်္ဂလာဆောင်ဖို့နိုင်ငံကို သူ့စိတ်ကြိုက်ရွေးခိုင်းပြီး နေရာနဲ့အပြင်အဆင်ကိုတော့ မိမိက တာဝန်ယူမယ်ဟု သဘောတူထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံမှာတရားဝင်ခွင့်မပြုသေးတာကြောင့် နှစ်ဦးသဘောတူသာ ပေါင်းဖက်ဖြစ်မယ်လို့ထင်ထားသော်လည်း လက်ထပ်လက်စွပ်ကအစ သေချာပြင်ဆင်ထားသော အက္ခရာမှာ ကိုယ့်အတွက် တရားဝင်ထိမ်းမြှားဖို့ အစီအစဥ်ရှိနေခဲ့သည်။
ထို့ကြောင့်ဘယ်နိုင်ငံကို သွားချင်လဲမေးတုန်းက သူကတွေဝေခြင်းမရှိဘဲ ဤနေရာဟု အဖြေပေးခဲ့၏။
"မောင်က Switzerland နိုင်ငံကို သဘောကျတာလား"
"မကျပါဘူး"
"ဟင် ဒါဆို ဘာလို့ရွေးလဲ"
ဘေစင်ရှေ့မှာ သူ့မေးဖျားက မုတ်ဆိပ်မွှေးစိမ်းစိမ်းလေးတွေအား လည်ပင်းမော့ကာရိတ်နေရင်း ခဏရပ်၍ ကိုယ့်ဘက်လှည့်လာသည်။ စွပ်ကျယ်အနက်ဝတ်ထားသည့် လက်မောင်းမှာ ကြွက်သားများထင်းနေ၏။မျက်နှာသစ်ထားပြီးခါစ ကိုယ့်ပါးပြင်ကို ဆပ်ပြာမြုပ်များနဲ့တို့လာခြင်းအား စိတ်မဆိုးမိ။ပြောလာမယ့်အဖြေကိုသာ စိတ်ဝင်စားနေမိသည်။
"ဒေါက်တာ့ရဲ့ အသက် ၃၁နှစ်ပြည့်မွေးနေ့မှာ ဆောင်ဖို့ရွေးထားတာမလား"
"အင်းလေ အဲ့ဒီရက်ကလည်း မောင်စိတ်ကြိုက်ရွေးထားတာပဲ"
"ကမ္ဘာပေါ်မှာ လိင်တူလက်ထပ်ခွင့်ကို တရားဝင်အသက်သွင်းမယ့် ၃၁နိုင်ငံမြောက်က ဆွစ်ဇလန်လေ"

YOU ARE READING
Painting On The Skin
RomanceBlack and white, but they are the most compatible colors in the world. Own Creation by ZReed_Feb29 Cover by Pinterest