Ep-18(Unicode)

16.3K 1.2K 140
                                    





မွှေးပျံ့ပျံ့သူ့ ကိုယ်သင်းရနံ့မှာ သွေးညှီနံ့တို့‌ရောနေသည်။ကြောက်စိတ်ပြေသွားချိန်မှ ရင်ခွင်ထဲက ရုန်းထွက်ပြီး ကိုယ်မဝံ့ရဲစွာမော့ကြည့်တော့ သူ့အပြုံးနဲ့ ဆီးကြို၏။စိတ်လုံခြုံနွေးထွေးစေသောအပြုံးပင်။ နောက်စေ့ဘက်မှ လက်ဖဝါးနဲ့ထိန်းကိုင်ပြီး နှဖူးကိုနမ်းသည်။

ဒီအချိန်မှာ အက္ခရာက အကြီးတစ်ယောက်လို၊ထိတ်လန့်နေသော ကလေးငယ်တစ်ဦးအားချော့မြူသည့် အထိအတွေ့နဲ့ ကိုယ့်အား မှီခိုအားထားစေသည်။

ရုန်းရင်းဆန်ခတ်ဖြစ်ထားသည့်ဆေးခန်းထဲတွင် ပိုက်ဆံတွေနဲ့အတူ ဆေးပစ္စည်းများ ရစရာမရှိအောင် ပြန့်ကျဲနေသည်။ဒါတွေကို အရင်ရှင်းဖို့ သူ့ရင်ခွင်ထဲကနေ ခဏရုန်းထွက်တော့ အက္ခရာက လက်မခံ။သူ့လက်မှတစ်ဆင့် သွေးတွေပေနေသော မိမိ ခန္ဓာကိုယ်ကို အရင်ဆေးကြောစေသည်။

"ရေမြန်မြန်ချိုး ၊ ဒါတွေ မောင်ရှင်းလိုက်မယ်"

ပထမတစ်ခေါက် နားကြားလွဲသည်ထင်ခဲ့သော နမ်စားကို တွန့်ဆုတ်ခြင်းမရှိ သူထပ်သုံးသည်။

မောင်တဲ့လား။

နားထောင်လို့ ကောင်းလိုက်တာ။

ကိုယ် ခေါင်းညိတ်ပြပြီး ရေချိုးခန်းရှိရာလျှောက်သွားတော့ အနောက်မှ ကပ်လျက်ခြေသံပြင်းပြင်းကိုကြားရသည်။အခန်းရှင်းလိုက်မယ်ဆိုတဲ့သူက ချက်ချင်းကိုယ့်နောက်ကပြန်လိုက်လာတာကြောင့် လှည့်ကြည့်မလို့လုပ်တော့ ပခုံးကနေကိုင်ပြီးအလှည့်မခံ။

"ဒါ အဲ့တုန်းက ဒဏ်ရာလား"

အက္ခရာ၏အသံမှာ သူကိုယ်တိုင်နာကျင်မူကိုခံစားလိုက်ရသလိုခပ်အက်အက်။ကိုယ်အင်္ကျီမပါတဲ့ပုံစံအား အ‌ရှေ့ပိုင်းကနေသာမြင်ဖူးတာကြောင့် နောက်‌ကျောဘက်တွင် ကြီးမားသည့်အနာရွတ်ကြီးရှိနေတာ အခုမှသူတွေ့သည်။

"ဟုတ်တယ် အိမ်မီးလောင်တုန်းကကိုယ့်အပေါ်သစ်သားချောင်းပြုတ်ကျခဲ့တာ"

ကျောပေးထားတာကြောင့် သူ့မျက်နှာဘယ်လိုရှိမလဲကိုယ်မသိ။ပခုံးပေါ်ကလက်များတင်းခနဲဖြစ်သွားတာခံစားမိသည်။

Painting On The SkinOù les histoires vivent. Découvrez maintenant