Ep-11(Unicode)

16.1K 1.2K 75
                                    




မန္တလေးလို့ ကြားလိုက်တာနဲ့ အပူဒဏ်ကိုအရင်ဆုံးခံစားမိလိမ့်မည်။ ထိုသို့ခံစားမိအောင်လည်း ကိုယ်တိုင်ရောက်ရှိနေတာကြောင့် တကယ်ပူပါသည်။

သို့သော် အေးမြသောအပင်ရိပ်တန်းလေးတွေ အများကြီးရှိနေတာကိုလည်း အက္ခရာရဲ့ဆိုင်ကယ်အနောက်မှ လိုက်ရင်းတွေ့ရသည်။

ပထမဆုံး ဘုရားကြီးသွားတုန်းက ၇၈လမ်းဘေးက အပင်တန်းလေး။ဒုတိယတစ်ခေါက်ကမှာ ရေကြက်ကြော်သွားစားတုန်းကဖြစ်သည်။မေမြို့လမ်းလို့ သူပြောပြသည့် လမ်းမကြီးဘေးမှာ မြင့်မားသော အပင်ကြီးများဝန်းရံလျက်ရှိ၏။

"မြို့သစ်ထဲကနေ အ‌ရှေ့ဖျားထိထွက်လိုက်ရင် မေမြို့လမ်းကိုရောက်တယ်၊ ညာဘက်ကွေ့ရင် တောင်ပေါ်တက်တဲ့လမ်း၊အခုက ဘယ်ဘက်ကွေ့ရမှာ၊အောင်ပင်လယ် ဘိုးဘိုးကြီးဆိုတာကြားဖူးလား"

"အက္ခရာဆိုင်ကယ်အသစ်ပြောင်းလာတဲ့နေ့က သွားတဲ့နေရာမလား ၊ သပြေခတ်လေးရောထိုးလာတယ်လေ"

"ဟုတ်တယ် အဲ့နတ်နန်းက ဒီလမ်းမပေါ်မှာပဲ"

ထိုနေ့က ကိုယ်ဆေးခန်းဖွင့်ရက်မို့ သူနဲ့လိုက်မသွားရပါ။ဆိုင်ကယ်အသစ်၊ကားအသစ်ဝယ်တိုင်း ထိုအောင်ပင်လယ်ဘိုးဘိုးကြီးနတ်နန်းမှာ အန္တရာယ်ကင်းအောင် နတ်ပြရသည်။ဒါဟာ မန္တလေးမြို့ရဲ့ ဟိုးအရင်ကနေ ယနေ့ခေတ်အထိ ကျင့်သုံးလေ့ရှိသည့် ဓလေ့တစ်ခုဟုဆိုသည်။

နှစ်လမ်းသွားဖြစ်ပြီး အရှိန်နဲ့မောင်းနေသောကားတွေ ဆိုင်ကယ်တွေဟာ မြို့ထဲမောင်းတာထက်ကိုပိုကြမ်းသည်။မန္တလေးသူဖြစ်တဲ့ မေသဇင်တောင်မ‌မောင်းရဲတာမပြောနဲ့ ကုန်ကားကြီးတွေ၊တွဲကားကြီးတွေအပြင်၊ ကျောက်တင်တဲ့ကားတွေပါ ဘေးကနေဖြတ်သွားတာ တဝီးဝီးနဲ့။

အက္ခရာရဲ့ နောက်မို့သာလိုက်ရဲတာ။တခြားသူနောက်ဆို မလိုက်ရဲသလိုကိုယ်တိုင်လည်း မမောင်းရဲပါ။သူ့ခါးကိုတင်းနေအောင်ဖက်ပြီး စီးမှ စိတ်အေးနိုင်သည်။

"မောင်းလို့ရပြီ"

လမ်းမကြီးအတိုင်းသွားနေရာကနေ အက္ခရာက အရှေ့ဘက်သို့ကွေ့လိုက်၏။ထိုလမ်းရဲ့ထိပ်မှာ ဂေါက်သီးပုံစံအကြီးကြီးတင်ထားသော တိုင်တစ်ခုရှိသည်။ထိုတိုင်ရဲ့နားမှာရပ်ပြီး လူအရှေ့အနောက်ချိန်း၍ မောင်း၏။စစထွက်ချင်းကိုယ့်လက်များသိပ်မရဲ။အက္ခရာက လက်တစ်ဖက်ကို ကိုယ့်ပခုံးပေါ်တင်လာပြီး

Painting On The SkinWhere stories live. Discover now