Ep-21(Unicode)

14.7K 1.3K 203
                                    


ရုပ်ရှင်မပြီးသေးခင် အလုပ်ပေါ်လာလို့ဟုဆိုကာ အက္ခရာက မီနီအိုးဝေငှား၍ပြန်သွားသည်။မတုန်မလှုပ်နဲ့ခန့်မှန်းရခက်နေသော သူ့ပုံစံကြောင့် ကိုယ့်မှာ နေခဲ့ရသော်လည်း စိတ်မဖြောင့်။ကိုကိုက စကားတွေပြောနေပေမယ့် ၂ခါ၃ခါလောက် ပြန်မေးရသည်အထိ စိတ်ပြန့်နေသည်။အကဲခတ်မြန်တဲ့ ကိုကိုကလည်း သဘော‌ပေါက်စွာ တစ်နေကုန်ရှိမည့်အစီအစဥ်ကိုဖျက်၍ ဆေးခန်းပြန်လိုက်ပို့၏။ထို့နောက် မေမေ့အတွက် ထိုးမုန့်ဝယ်အုံးမယ်ဟုဆိုကာ ပြန်ထွက်သွားသည်။

တကယ်ဆို အဲ့ဒီလက်ဆောင်က ကိုယ်ကဝယ်ပေးရမှာကို အက္ခရာမျက်နှာညိုးနေတာနဲ့ပဲ ဘာကိုမှ အာရုံမရတော့ဘူး။အပြင်သွားမယ်ဆိုလို့ ပိတ်ထားတဲ့ဆေးခန်းက နေ့တစ်ပိုင်းဖွင့်ဖို့ မှီသေးသော်လည်း တစ်နေကုန်ပိတ်ထားဖို့သာရွေးလိုက်သည်။ဒီလိုစိတ်ပြန့်ပုံမျိုးနဲ့ ဘယ်လူနာမှ သေချာကြည့်ဖြစ်မှာမဟုတ်ပေ။

ပါလာတဲ့အထုတ်တွေကို အောက်ထပ်မှာပဲချပြီး ပေါ့ပေါ့ပါးပါးအဝတ်အစားပြန်လဲလိုက်သည်။ထို့နောက် မှန်တံခါးပိတ်ကာ လမ်းမဘက်သို့ အကြောင်းပြချက်မရှိငေးကြည့်နေမိ၏။

သူ့ဆိုင်ကိုလိုက်သွားချင်ပေမယ့် အလုပ်လုပ်နေတာကို မနှောက်ယှက်ချင်ပါ။ တွေ့ချင်တဲ့စိတ်ကိုအောင့်အီးကာ ညနေမြန်မြန်ရောက်ဖို့သာ မျှော်လင့်မိသည်။

ထိုအချိန် ကိုယ်ငေးကြည့်နေတုန်း လမ်းမပေါ်ဖြတ်မောင်းသွားသော သူ့ဆိုင်ကယ်ကိုမြင်လိုက်ရသည်။ချက်ချင်းထပြီး ဆိုင်တံခါးဖွင့်လိုက်ပေမယ့် မြန်လွန်းသောဆိုင်ကယ်အရှိန်က ကျောပြင်လေးမြင်ရရုံသာမှီလိုက်၏။

ဘယ်သွားတာပါလိမ့်။ အလုပ်ရှိတယ်ဆိုပြီး အခုကျ ဆိုင်ကယ်နဲ့ထွက်သွားတယ်။ ကိုယ်ပြန်မလာသေးဘူးထင်လို့များလား။ဖုန်းဆက်လိုက်ရင်ကောင်းမလား။

အာ မဖြစ်သေးပါဘူး ဆိုင်ကယ်မောင်းနေတာကို ဖုန်းကိုင်ရင် အန္တရာယ်များတယ်။တက်တူး ပစ္စည်းလိုလို့ သွားဝယ်တာ ဖြစ်မှာပါ။

မတည်ငြိမ်သော အတွေးတွေဖြင့် လမ်းဘက်ကိုငေးကြည့်ရင်း ကိုယ်ထိုင်နေမိသည်။အချိန်ကား ညနေစောင်း၍ လာ၏။လမ်းမီးတိုင်က အလင်းရောင်ကိုမြင်မှ ကိုယ့်ဆေးခန်းထဲတော်တော်မှောင်နေကြောင်း သတိထားမိသည်။သူဖြတ်သွားရင် မြင်အောင်လို့ အခန်းမီးတွေအကုန်လင်းအောင် ထဖွင့်လိုက်၏။

Painting On The SkinWhere stories live. Discover now