Ep-25(Unicode)

16.1K 1.3K 289
                                    


လူဦးရေထူထပ်သော ရန်ကုန်မြို့မှာ အေး‌ဆေးတိတ်ဆိတ်သည့်နေရာ အလွန်ရှားသည်။ကိုယ်တွေးကြည့်တော့ သိတာတစ်နေရာသာရှိ၏။

ရန်ကုန်မြို့ရဲ့ အမျိုးသားပြတိုက်ပင်ဖြစ်သည်။ဒါတောင် ပြပွဲတွေရှိရင် စည်ရင်စည်နေအုံးမှာ။ကိုယ်ရောက်သွားတော့ ကံကောင်းစွာပဲ ပြတိုက်အစောင့်နဲ့ ဝန်းထဲမှာ လူ၂ယောက်၃ယောက်လောက်သာတွေ့၏။ကားရပ်ပြီး ဝင်ပေါက်နားမရောက်ခင် ဝန်းအပြင်ကိုလှမ်းကြည့်လိုက်တော့ Taxiခရှင်းနေသည့် သူ့ကျောပြင်ကိုတွေ့ရသည်။အရင်လို စတေကာရိုက် စပို့ရှပ်မဟုတ်ဘဲ အဝါနဲ့အဖြူရောသော ရှပ်အကွက်လက်တိုလေးကြောင့် ရင်နီးဖူးသည့်သူ့ကျောပြင်မှာ အနည်းငယ်သေးသွားသ‌ယောင်။

စိတ်ရှိတိုင်းသာဆို ကိုယ်ပြေးဖက်လိုက်ချင်သော်လည်း သူပြန်လှည့်မလာခင် ပြတိုက်ထဲဝင်လိုက်သည်။

ဒီမန္တလေးသား Taxiခရောစစ်တတ်ရဲ့လား။တောင်းသလောက်ပေးလိုက်ရင်တော့ ဒုက္ခပဲ။သွားတဲ့နောက်တစ်ကောက်ကောက်လိုက်နေတာကြောင့် သူရှင်းရတာ နည်းမှာတော့မဟုတ်။

နေပါအုံး။ရှင်းရတော့လည်း ဘာဖြစ်လဲ ။ သူ့လက်ရာတစ်ပုံကြေးတောင်မရှိဘူး။ပုံထိုးသမျှပိုက်ဆံကလည်း အရင်လို ရည်းစားအတွက်ချည်းပဲဆိုပြီး သုံးပစ်စရာမှမလိုတော့တာ။သူ့ထဲ ပိုက်ဆံရှိမှာပဲ။

ဒါမှမဟုတ် ဝယ်ပေးစရာ နောက်ထပ် ရည်းစား။

"အာ မတွေးနဲ့တော့"

ပြခန်းတွေထဲမဝင်ခင် အပေါက်မှ လက်မှတ်ဝယ်ရင်း မှတ်ပုံတင်နံပါတ်ဖြည့်ရသည်။ရေးနေရင်း ပါးစပ်က ယောင်ရွတ်လိုက်တာကြောင့် စားပွဲမှာထိုင်နေတဲ့ ဦးလေးကြီးက ကိုယ့်ကိုကြောင်တောင်တောင်ပြန်ကြည့်နေ၏။

ထို့ကြောင့် ဖြည့်စရာရှိတာအမြန်ဖြည့်ပြီး အိတ်ကို  Lockerထဲထည့်ကာ ပြခန်းထဲဝင်လိုက်သည်။ထိုအခါမှ ဖုန်းမပါခဲ့မှန်းသတိရသည်။

စိတ်နဲ့ လူနဲ့က ဘာကော်သုံးပြီး ကပ်ကပ်မြဲမနေတော့တာ။

ပြခန်းထဲဝင်ဝင်ချင်း မြန်မာ့ဓလေ့ပန်းချီတွေနဲ့ ပန်းပုရုပ်ထုတွေ ပြထားတဲ့အခန်းကိုအရင်ရောက်သည်။ပိတ်ရက်မဟုတ်လို့ တခြားလူမရှိသော ထိုပြခန်းထဲတွင် ခပ်လှမ်းလှမ်းမှ အရိပ်လေးဟာ သူကလွဲလို့မည်သူရှိအုံးမလဲ။

Painting On The SkinWhere stories live. Discover now