Ep-15(Zawgyi)

2.2K 35 0
                                    




အကြောင်းအမျိုးမျိုးကြောင့် အခန်းရှင်းဖို့အရင်တက်မသွားဖြစ်ဘဲ အတူခေါ်သွားမိတဲ့ အက္ခရာမှာ အခန်းတံခါးဖွင့်ပြီးမှ သူမှားသွားမှန်းသိသည်။အမှိုက်တွေ၊ဖုန်တွေနဲ့ ရှုပ်ယှက်ခက်နေလို့‌တော့မဟုတ်။အိမ်မှာအမြဲနေလေ့ရှိသော မိခင်ဖြစ်သူကြောင့် အိပ်ရာခင်းကအစ ပြန့်ပြူးနေပြီး ယောက်ျားလေးတစ်ယောက်ရဲ့ အခန်းကိုဖော်ပြလေ့ရှိသည့် ဟိုတစဒီတစချွတ်ထားသော အဝတ်တွေလည်းမရှိပါ။

အခန်းထဲဝင်ဝင်ချင်းညာဘက်ဘေး မတ်တပ်ဗီရီုမှာ ကပ်ထားတဲ့ ပုံများကြောင့်ဖြစ်သည်။အမျိုးသမီးအဖော်အချွတ်ပုံတွေတော့မဟုတ်။ညီမဖြစ်သူနဲ့ သူငယ်ချင်းလိုပေါင်းသော အစ်ကိုတစ်ယောက်အခန်းမှာလည်း ထိုပုံများမရှိနိုင်။ညီမက အချိန်မရွေးဝင်နိုင်သည်မလား။အက္ခရာရဲ့ နားရွက်ဖျားမှာ ရဲအောင်အထိရှက်သွားစေသောပုံမှာ Japan Anime ပိုစတာများသာဖြစ်သည်။

သူ့ပင်ကိုယ်အကျင့်အတိုင်း နားထင်ကိုလက်ညိုးနဲ့ကုတ်ခြစ်ပြီး ဗီရိုနားအမြန်လျှောက်သွားကာ တံခါးဆွဲဖွင့်သည်။အပြင်ဘက်နံရံမှာကပ်ထားတာကြောင့် ဖွင့်လိုက်တော့ ပုံတွေမမြင်ရနိုင်တော့ဘူးထင်သော်လည်း အတွင်းဘက်ခြမ်းမှာပါ ရှိနေသေးသည်။ကျစ်ခနဲစုတ်သပ်ပြီး အဝတ်တွေထဲ ခေါင်းစိုက်သွား၏။

သဘောက ကိုယ်ကသူ့ကိုကလေးပေါက်စလို့ထင်သွားမှာမလိုလားသည့်ဟန်။

"အက္ခရာက Otaku လား"

Otaku ဆိုတာ Japan Anime ဇာတ်ကားများနဲ့ Mangaများကိုနှစ်သက်သောသူတွေအား ရည်ညွှန်းသည့် နာမ်စားဟု ကြားဖူးသည်။မအူမလည်လေးလိုရှက်နေသည့် အက္ခရာ၏မျက်နှာမှာ ချက်ချင်း ဝင်းပသွားပြီး

"ဒေါက်တာလည်း ကြည့်တယ်လား"

"အင်း တစ်ခါတစ်လေပေါ့"

သူပြုံးပြီး အဝတ်ဗီရိုကိုမကာထားတော့ဘဲ မတ်မတ်ရပ်သွားသည်။ထို့နောက် အဝတ်တွေထုတ်ယူနေရင်းမှ

"Otakuတော့မဟုတ်ပါဘူး ကျွန်တော်လည်းတစ်ခါတစ်လေကြည့်မိရင်း သဘောကျတာရှိရင် ပုံထုတ်ပြီး ကပ်ထားမိတာ"

Painting On The SkinWhere stories live. Discover now