"ကိုယ်ညစာ ကိုကိုနဲ့သွားစားမလို့ အက္ခရာကိုယ့်ကိုမစောင့်ဘဲစားထားနှင့်နော်၊ဆေးခန်းကိုလာမယ်ဆိုလည်း ကျောက်ကပ်ပန်းပင်အောက်မှာ သော့ထားခဲ့တယ်"
"OK"
ဘယ်တုန်းကမှ တိုပြတ်ပြတ်မပို့ဖူးသော သူ့ရဲ့ပြန်စာကို ကိုယ်ခဏခဏဖတ်ကြည့်နေမိသည်။ဖုန်းဆက်လိုက်ရင်ကောင်းမလားဟု တွေးမိသော်လည်း ဘေးမှာကိုကိုရှိနေတာကြောင့်အဆင်မပြေ။မလိုက်ဘူးလို့ အပြတ်ငြင်းထားတာမို့ အားနာစိတ်ဖြစ်နေသည်။
ကိုကိုက စိတ်မကောင်းသည့် ပုံရှိသော်လည်း ထပ်ပြီးမတိုက်တွန်းတော့။ပြန်လိုက်ဖို့စကားကို မဟတော့ဘဲ ညစာအတွက်သာ အတူထွက်စားဖို့ပြောသည်။စားသောက်ဆိုင်ကိုရောက်တော့လည်း မတွေ့ရတဲ့ အတောအတွင်း ဘယ်လိုရှိလဲဆိုတာ တစ်ယောက်နဲ့တစ်ယောက် မေးကြပြောကြရင်း အချိန်ကို သတိမထားမိလိုက်။
"သူက ဘာအလုပ် လုပ်လဲ"
"ဘယ်သူ..."
"ညီ့ကောင်လေးလေ "
" အာ Tattoo Artist ကိုကို"
"သြော်"
လူလတ်ပိုင်းအရွယ်ကိုကိုက ဒီလိုကိစ္စမျိုးကို ရှေးရိုးစွဲရှိသူမဟုတ်။ တစ်ခါတရံ ပန်းချီပြပွဲတွေတောင် သွားလေ့ရှိတာကြောင့် ဒါကိုလည်း အနုပညာတစ်ခုလို့သာ သတ်မှတ်သည်။
"Black Gray လိုင်းကို သူကတော်တော် ကျွမ်းတယ်"
အားရသည့်ပုံမပေါက်သော်လည်း အသိအမှတ်ပြုသလိုတော့ ခေါင်းညိတ်ပြသည်။ကိုယ့်ကို ကြုံကြွားလို့ သတ်မှတ်ရင်လည်းမတတ်နိုင်။အက္ခရာနဲ့ပတ်သက်ပြီး ကိုကို့ကိုအမြင်ကြည်စေချင်သည်။
"ကိုယ့်မှာလည်း တက်တူးရှိတယ်"
"ဗျာ... ဘယ်တုန်းက "
လုံးဝမထင်မှတ်ထားတဲ့ စကားကြောင့် စားနေတာတောင် သီးတော့မလို။ပါးစပ်ကို လက်နဲ့အုပ်ရင်း ကိုကို့ထံ အံ့သြစွာလှမ်းကြည့်တော့ ပါးချိုင့်နှစ်ဖက်ပေါ်အောင်ပြုံးပြလာပြီး
"ရင်ဘတ်မှာ"
"ပုံလား၊ ဘာပုံလဲ"
"စာတန်းလေးပါပဲ၊ Birthday Date"

YOU ARE READING
Painting On The Skin
RomanceBlack and white, but they are the most compatible colors in the world. Own Creation by ZReed_Feb29 Cover by Pinterest