ဆောင်းဝင်လာတဲ့မနက်ခင်းမှာ အအေးဓာတ်နဲ့အတူ လန်းဆန်းစေသောလေထုကိုရသည်။ဆေးခန်းမဖွင့်ခင် အပင်ရေထွက်လောင်းနေရင်း ကတ္တရာလမ်းဘက် မျှော်ငေးမိ၏။မကြာသောအချိန်မှာ ခပ်လှမ်းလှမ်းကအထိ ရှင်းစွာရင်းနှီးလေသော သူ့ကို မြင်ရသည်။မိမိဘေးမှာ ဆိုင်ကယ်စက်သတ်ပြီးတာနဲ့ လက်ကိုင်က အထုတ်တွေကိုဖြုတ်ရင်း ပြုံးပြသည်။
လောင်းလက်စ ရေခွက်နဲ့ပုံးကိုချလိုက်ပြီး သူဖွင့်ပေးတဲ့ ဆေးခန်းတံခါးထဲ အနောက်ကလိုက်ဝင်ရုံသာ။
"ငရုတ်သီးက လုံးဝမပါရင် ပေါ့နေမှာစိုးလို့ နည်းနည်းထည့်ခဲ့တယ် ရလား"
"ရတယ် ကိုယ် အစပ်နည်းနည်းစားနိုင်တယ်"
အထုတ်ထဲကနေ သူလှယ်ထည့်ပေးသည့် မြှီးရှည်ပန်းကန်ကို သယ်ယူပြီး သစ်သားခုံတန်းရှည်ပေါ်ချလိုက်သည်။နှစ်ယောက်မျက်နှာချင်းဆိုင်ဝင်ထိုင်ကာ အလယ်မှာ မုန့်နှစ်ပွဲနဲ့ဟင်းချိုပန်းကန်၊နောက်ပြီး လက်ဖက်ရည်နှစ်ခွက်။
"အက္ခရာ သူငယ်ချင်းတွေဖို့ မနက်စာ မဝယ်ပေးရတော့ဘူးလား"
ကိုယ်မေးလိုက်တဲ့အချိန်က စားနေရင်းတန်းလန်းဖြစ်တာကြောင့် သူက ပါးစပ်ထဲကမြှီးရှည်ကိုကုန်အောင်အရင်ဝါးသည်။ထို့နောက် လက်သီးဆုပ်ကိုနှုတ်ခမ်းနားတေ့ကာ ရယ်ရင်း
"အရင်က ဒေါက်တာနဲ့တွေ့ချင်လို့ ဉာဏ်ဆင်တာလေဗျာ ၊အခု ဒီကောင်တွေ မနက်စာအတွက်က ဘာအရေးလဲ"
ပြုံးရောင်သမ်းနေသည့် မျက်ဝန်းတွေကို ကြာကြာမကြည့်နိုင်တာကြောင့် ခေါင်းပြန်ငုံံ့လိုက်သည်။ကိုယ့်နှုတ်ခမ်းမှာလည်း မုန့်ဝါးရင်း ပြုံးနေလျက်။
"ကျွန်တော်တို့ ချစ်သူဖြစ်တာ ၃ရက် ရှိပြီနော်"
"ဟမ်"
ငရုတ်သီးက ရုတ်တရက် ထစပ်ကာ သီးမလိုဖြစ်သွားသည်။သူက လက်ဖက်ရည်ခွက်အဖုံးကိုဖွင့်ကာ ကမ်းပေးလာ၏။ကိုယ်ယူသောက်လိုက်ပြီးမှ
"တရားဝင်ချစ်သူလေ.... ချစ်သူ"
"သြော် ... အင်း"

YOU ARE READING
Painting On The Skin
RomanceBlack and white, but they are the most compatible colors in the world. Own Creation by ZReed_Feb29 Cover by Pinterest