Ep-28(Unicode)

18.1K 1.4K 149
                                    



အေးမြသည့် ရေစက်များ ခေါင်းပေါ်မှတဆင့် ခြေဖျားအထိစီးဆင်းသွားသည့်အခါ တစ်နေကုန် ခရီးပန်းလာသမျှ လန်းဆန်းသွားသည်။ထုံးဓာတ်များသော ရေကြမ်းကြမ်းရဲ့ အထိအတွေ့မှာကိုယ့်အသားတွေညိုသွားမလားဆိုတဲ့အသိထက် နံရံသာခြားသော တည်ရှိမူတစ်ခုကိုသာအာရုံရသည်။ကိုယ်နဲ့အတူ သူရှိနေပြီဆိုတဲ့အသိက လူကိုအကြောင်းပြချက်မရှိ ပြုံးနေစေ၏။

အတူသုံးခဲ့ဖူးသည့် ဆပ်ပြာရနံ့ကြားမှာ ဟင်းအနံ့ရောယှက်လာတော့ ရေချိုးတာ အမြန်လက်စသတ်လိုက်သည်။သို့သော် စိတ်အာရုံမှာသူ့တစ်ယောက်တည်းထံသာရောက်ရှိနေသောကြောင့် သာမန်အကြောင်းအရာများအားသတိမပြုမိလိုက်။

ခေါင်းကနေခြေဖျားအထိ ရေစက်လက်နဲ့ပဲ တံခါးဂျက်ကိုအသာဖွင့်လိုက်သည်။

လက်နှစ်လုံးလောက်ဟသွားတဲ့အခါ မီးဖိုချောင်ထဲ ချက်ပြုတ်နေသော သူ့ကိုယ်တစ်ခြမ်းကိုအရင်ဆုံးတွေ့ရ၏။အလုပ်ကပြန်ရောက်‌ရောက်ချင်း အင်္ကျီတောင်မလဲရသေးတဲ့ သူက ရှပ်နဲ့စတိုင်ပန်မှာပဲ အေဖွန်ကောက်စွပ်ကာ လက်စွမ်းပြနေသည်။

"အက္ခရာ"

ကိုယ့်ခန္ဓာကိုယ်အား တံခါးနဲ့ကွယ်ထားလျက် ခပ်တိုးတိုးအသံပြုမိတော့ ကိုင်ထားတဲ့ဇွန်းကိုချကာအနားတိုးလာသည်။

"ဟိုလေ တဘတ်မေ့နေခဲ့လို့"

လိုအပ်တာလုပ်ဆောင်ပေးမည့် ဝန်ထမ်းလေးတစ်ယောက်လို သူခပ်သွက်သွက်ခေါင်းညိတ်ပြီးမှ တစ်ခုခုကိုသတိရကာ တန့်သွားသည်။ထို့နောက် ကိုယ့်မျက်နှာထံစေ့စေ့ကြည့်နေရာမှ ဆတ်ခနဲကျောပေးလှည့်လိုက်၏။ဆေးခန်းအတွင်း သွားမလိုပြင်ပြီးမှ အပေါ်ထပ်သို့ လှေကား၃ထစ်လောက်ကျော်တက်သွားသည်။

၂မိနစ်လောက်ကြာတော့ တဘတ်တစ်ထည်ကိုင်ပြီးဆင်းလာ၏။လှမ်းယူဖို့ တံခါးကို လက်နှစ်လုံးစာကနေ တစ်ထွာလောက်ထိ ဖြည်းဖြည်းချင်းဖွင့်လိုက်ချိန် သူ့ရဲ့ ခေါင်းမှာ အနောက်သို့ အုံးလွဲမတတ်လည်ပြန်ထားသည်။အစက မဝံ့မရဲရှက်နေတဲ့ကိုယ်က သူ့ရဲ့ရဲနေတဲ့နားရွက်ဖျားတွေကိုမြင်လိုက်ရချိန် လူယုတ်မာစိတ်လေး မဆိုင်းမတွဝင်ရောက်လာသည်။

Painting On The SkinWhere stories live. Discover now