[Zawgyi version]
ဝရံတာတွင် ရပ်ကာ အဝေးကို ငေးနေသော Baekhyun ကိုငေးကြည့်နေမိတယ် ... နေရောင်ဖြာနေသောကြောင့် နဂိုအသားအရေက ပိုပြီးဖွေးနေသယောင် ... မျက်လုံးအိမ်ကျဉ်းကျဉ်းလေးကို ကာရံထားတဲ့ မျက်တောင်လေးတွေကအစ ဆွဲဆောင်မှုရှိလွန်းလှသည် .... Baekhyunရဲ့ဆံပင် အိအိလေးကို ကျွန်တော်ကိုင်ကြည့်ဖူးသည် ... ပိုးသားလေးတွေလိုပဲ ..... ။
"သားတို့ရေ ... ထမင်းစားမယ် "
အောက်ထပ်ကအော်ခေါ်သံကြောင့် ဒီဘက်လှည့်လာပြီး ...
"Chanyeollie .. ထမင်းစားမယ်လေ Omma ခေါ်နေပြီ "
ရှေ့ကနေပြေးဆင်းသွားသော သူ့ကိုကြည့်ရင်း ကျွန်တော့်ရင်တွေ တဒိန်းဒိန်းခုန်နေသည် .... ကျွန်တော်ရူးနေပြီလား ?
"သားကြီး ထည့်စားလေ ... လူကောင်လေးက သေးလိုက်တာ သားငယ်တောင် မင်းထက်ထွားနေပြီ "
သူကစပ်ဖြီးဖြီးလုပ်ရင်း ကျွန်တော့်ကိုကြည့်တယ် .... သူကသိပ်အစားနည်းတာ ... အဲ့ဒါကြောင့်လည်း သူ့ကိုအငယ်လို့ထင်ကြတာနေမှာ .. လူကောင်သေးလို့လေ .... ။ထမင်းစားပြီးတော့ ကျွန်တော့်အခန်းထဲဝင်ပြီးသာ လှဲနေလိုက်တယ် .... ။မကြာဘူး သူဝင်လာပြီး .....
"Chanyeollie ... ငါ Kyungsoo တို့နဲ့သွားတွေမလို့ .... လိုက်ဦးမလား ? "
သူ့အမေးကို ခေါင်းသာခါပြလိုက်သည် ... ကျွန်တော်အခုဘယ်မှသွားချင်စိတ်မရှိပါ ...
"အာ့ဆို ရေသွားချိုးလိုက်ဦးမယ် "
ဂလု !!
ပြောပြောဆိုဆိုနဲ့ အင်္ကျီဆွဲချွတ်ပစ်လိုက်တဲ့ သူ့ကြောင့် တံတွေးအလျင်အမြန် မျိုချလိုက်ရသည် ... Six pack ကြွက်သားတွေမရှိသော ဗိုက်သားချပ်ချပ်ကို ပြေးကိုက်ချင်စိတ်က ထိန်းမရ ... ကျွန်တော်ခွေးရူးပြန်နေတာများလား ?? ညဝတ်ဘောင်းဘီနဲ့ ရေချိုးခန်းဝင်သွားတာကိုပဲ ကျေးဇူးတင်ရမလို .. မဟုတ်ဘဲချွတ်ချသွားရင် နှလုံးရပ်ပြီးသေမှာက ဒီကအကောင် .... ။သူရေမိုးချိုးပြင်ဆင်ပြီးတော့ ကုတင်ပေါ်မှာ စာအုပ်ဖတ်နေတဲ့ ကျွန်တော့်ဘေးကို ဝင်ထိုင်ရင်း ....
"စိတ်ကောက်နေတာလား ? မျက်နှာကလဲနီလို့ "
ပါးကိုလိမ်ဆွဲပြီး လာကျီစယ်နေတော့ ကလိကလိနဲ့ရင်ထဲမှာ ....
YOU ARE READING
Out Of The Bromance
Fanfiction[Zawgyi × Unicode version] ငါတို့ကြားထဲမှာ ကာထားတာ နံရံမဟုတ်ပါဘူး... တံခါးတစ်ချပ်ပါ... မင်းအချိန်မရွေးထွက်လာခဲ့ပါ... ငါစောင့်နေမယ်... ညီအစ်ကိုဆိုတဲ့ ပတ်သတ်မှုရဲ့ အပြင်ဘက်မှာပေါ့...