လူတွေရဲ့စိတ်ကလည်းထူးဆန်းတယ်... ဘာမဟုတ်တဲ့ စွပ်စွဲချက်တွေအတွက် ထိုးနှက်ခဲ့ကြပြီး ဘာမဟုတ်တဲ့ အလိမ်အညာ စကားကိုလည်း ယုံပြန်တယ်... ထားပါ... ဒါကလည်း Baekhyunee အတွက်အကျိုးရှိသွားခဲ့တယ်လေ... Come back လုပ်ခါနီးမှ ပြသနာကတက်လို့ Agency က ဘာလုပ်ရမှန်းမသိဖြစ်နေခဲ့တာ... အခုတော့ အဆင်ပြေသွားပါပြီလေ...
"ထူးထူးဆန်းဆန်းနော်... လူစုံအောင် စုထား ဝိုင်းမယ်လေး ဘာလေးနဲ့... "
"အေးလေ... အခုတော့ ဘာမှမသောက်ပဲ ထိုင်ကြည့်နေပါရောလား? "
အဲ့လိုကောင်မျိုးတွေကို သူငယ်ချင်းတော်ထားရတာ ကျွန်တော့်ဘဝမှာ အတော်လေး ပျော်စရာကောင်းခဲ့သည်...
"Baekhyun အဆင်ပြေတယ်မလား? သူ idol ဖြစ်သွားကတည်းက မတွေ့ရတော့ လွမ်းလိုက်တာ... "
Kyungsoo လည်း သူ့သူငယ်ချင်းကို လွမ်းမှာပေါ့လေ...
"Yifan... မင်းရဲ့မဟေသီရော? "
"အမလေး... သူမရှိလို့ ငါအခုကဲလို့ရတာပေါ့... မိသားစုနဲ့ ခရီးသွားတယ်လေ... လွတ်လပ်ရေးပေါ့... အဟီးဟီး "
Yifan ဆိုသည်မှာလည်း အသက်တွေကြီးပြီး အထက်တန်းသာပြီးသွားတယ်.. ပုံစံနဲ့အချိုးက ဒီတိုင်းပဲ... သူ့ရဲ့ စကားများ မဟေသီ မပါလာတာပဲ ကျေးဇူးတင်ရမလို.. မဟုတ်ရင် ဘေးကနေ စကားနာထိုးနေဦးမှာ...
"မင်းတို့ တက္ကသိုလ်တက်ဖို့ စဉ်းစားပြီးပြီလား? "
"အခုထိတော့ မသေချာသေးဘူး... ဘာတက်ရမှန်းကို မသိဘူး... Tao ကတော့ ဟိုဟာယူ ဒီဟာယူနဲ့ မေဂျာတွေ ခွဲနေတာပဲ.. ငါတက်ရမယ့် တက္ကသိုလ်မှာ သူပြောတဲ့ မေဂျာက ပါဦးမှလေ... "
Yifan လေးခမျာ ရည်းစားလေးတစ်ယောက်ထားမိပါတယ် ညည်းတွား နေလိုက်တာ ကြားမကောင်းဘူး...
"ငါကတော့ တိမွေးကု ပဲယူမှာ... ငါ့အိမ်က ကလေးတစ်သိုက်အတွက် ငါက hero ဖြစ်မှရမှာ ဟဲဟဲ "
Jongin ကတော့ တိရစ္ဆာန် ချစ်တတ်သူပီပီ သူ့ခွေးတွေအတွက်ပါ စဉ်းစားပြီး တိမွေးကု လိုင်းသွားမယ်ဆိုပဲ..
"တကယ်တော့... ငါမင်းတို့ကိုပြောစရာရှိတယ်...... "
×××××
"မတွေ့တာကြာပြီနော် Hyung... "
YOU ARE READING
Out Of The Bromance
Fanfiction[Zawgyi × Unicode version] ငါတို့ကြားထဲမှာ ကာထားတာ နံရံမဟုတ်ပါဘူး... တံခါးတစ်ချပ်ပါ... မင်းအချိန်မရွေးထွက်လာခဲ့ပါ... ငါစောင့်နေမယ်... ညီအစ်ကိုဆိုတဲ့ ပတ်သတ်မှုရဲ့ အပြင်ဘက်မှာပေါ့...