"Chanyeol ah.... "
ကျွန်တော့် Studio ရှေ့မှာ စောင့်နေတဲ့ Manager hyung ကြောင့် အနည်းငယ်တော့ အံ့သြသွားမိသည်... Fan meeting ပြီးတဲ့ထိ ဒါမှမဟုတ် Baekhyunee ဘက်က ဆက်သွယ်လာတဲ့ထိ အဆက်အသွယ်မလုပ်ပဲ နေရတာကြောင့်ပါ...
"ဘာဖြစ်လို့လဲ Hyung? "
"ဒီမှာလေ ... မင်းတို့ Dating ကို ပုံတွေနဲ့ပါတက်လာတယ် .... media ကို သိတယ်မလား? တခါမှ မလွဲဖူးတော့ အားလုံးက စိတ်ဝင်စားနေကြတယ် .... မနက်ဖြန်ပဲ Fan meeting ကို ... "
"ဘာမှဖြေရှင်းမနေပါနဲ့... မသိသလိုပဲနေပါ လို့ သူ့ကိုပြောပေးပါ "
အခုချိန်မှာ အမှာစကားပါးရုံကလွဲပီး ဘာမှမတတ်နိုင်လို့ပါ....
**********
"Oh! လန့်လိုက်တာ... ဘယ်လိုရောက်လာတာလဲ ? Fan meeting ရော အဆင်ပြေလား? "အိမ်ပြန်ရောက်လို့ မီးဖွင့်လိုက်တယ် ဆိုရင်ပဲ ဆိုဖာမှာ မမှိတ်မသုန်ထိုင်နေတဲ့ Baekhyunee ကြောင့် လန့်သွားရပြီး ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲ တွေးမိတယ်... တောင်းပန်စကားအတွက် အချိန်တိုင်း စဉ်းစားခဲ့ပေမယ့် တကယ်တမ်းတွေ့တော့ ဘယ်ကစပြောရမှန်း မသိတာမို့... အရင်လိုပဲ စကားစမြည် စပြောလိုက်ပါတယ်....
"အင်း ........... Fan တွေရဲ့ မျက်နှာ ... သူတို့ရဲ့စကား ... သူတို့နှလုံးသားကို ငါမြင်လိုက်ရတယ် ... "
"သြော်... "
အင်အားပြတ်လတ်နေတဲ့ပုံစံနဲ့ ပြောနေတဲ့ သူ့ကြောင့် သတိထားကာ ပြောရတော့မယ့် အနေအထားဖြစ်သွားတယ် ...
"ငါပင်ပန်းနေပြီ... ငါ့ကိုတိုက်ခိုက်တာတွေကို တောင့်ခံနိုင်ပေမယ့် ငါချစ်တဲ့သူတွေ ငါ့ကိုချစ်တဲ့သူတွေ တိုက်ခိုက်ခံရတာ.. မျက်ရည်ကျရတာ ငါမခံစားနိုင်ဘူး... အခုအရမ်းကို စိတ်ရှုပ်ထွေးနေပြီးတော့ ငါချထားတဲ့ ဆုံးဖြတ်ချက်တစ်ခုကို လာပြောပြတာ "
Baekhyunee ရဲ့ မျက်နှာကိုသာ ကြည့်နေမိသည်... ဘာအကြောင်းမှန်းမသိပေမယ့် စိတ်ထဲလေးနေမိသည်....
"ငါတို့တွေ .......... အရင်ကအတိုင်း ညီအစ်ကိုလိုပဲ နေကြရအောင် "
"ဘာ!!!!!! မင်းပင်ပန်းနေတာ သိပါတယ်.. ဒါမယ့် ဒါကတော့ မဟုတ်သေးဘူးလေ... မင်းငါ့ကိုချစ်တာ ငါသိတယ်... "
YOU ARE READING
Out Of The Bromance
Fanfiction[Zawgyi × Unicode version] ငါတို့ကြားထဲမှာ ကာထားတာ နံရံမဟုတ်ပါဘူး... တံခါးတစ်ချပ်ပါ... မင်းအချိန်မရွေးထွက်လာခဲ့ပါ... ငါစောင့်နေမယ်... ညီအစ်ကိုဆိုတဲ့ ပတ်သတ်မှုရဲ့ အပြင်ဘက်မှာပေါ့...