[Zawgyi version]
အိပ်ယာနိုးတော့ ဘေးမှာ သူရှိမနေ ... တံခါးဖွင့်သံနဲ့အတူ ရေချိုးခန်းထဲကနေ ထွက်လာတယ် ...
"ဟေ့ အိပ်ပုတ်မနေနဲ့ ထတော့ ... ကျောင်းနောက်ကျဦးမယ် "
ဗီဒိုထဲက ကျောင်းအင်္ကျီထုတ်ရင်း ပြောလာတော့ အိပ်ယာပေါ်ကဆင်းကာ ရေချိုးခန်းထဲဝင်လိုက်တယ် ... ဒီနေ့ အလယ်တန်းနောက်ဆုံးနှစ် အတန်းတင် စာမေးပွဲဖြေရမှာ .. စာကလည်း ရသလိုလို မရသလိုလိုနဲ့ ...
မနက်စာစားအပြီး ကျောင်းရောက်တော့
"ကျောင်းနောက်ဆုံးနေ့ကျ ဘာလုပ်ကြမှာလဲ ? "
စကားစလာတဲ့ Jongin ဆီ အကြည့်တွေရောက်လာတယ် ..
"ငါကတော့ ချစ် နဲ့ Date ချင်တယ် "
ရည်းစားပူပူနွေးနွေးရထားတဲ့ Yifan ရဲ့ အဖြေ ...
"ဘယ်မှာလဲ ? "
"ကစားကွင်းပေါ့ ... ရုပ်ရှင်ကြည့်ချင်လည်း ကြည့်မှာပေါ့ ... "
ဒုတိယမြောက် မေးခွန်းအတွက် အဖြေက အတိအကျထွက်လာသည် ..
"ငါတို့နဲ့အတူသွားလေကွာ ... "
Jongin ထပ်တောင်းဆိုတော့ ဟိုအချေက စဉ်းစားနေတယ် ... ပြီးကာမှ မငြိမ့်ချင် ငြိမ့်ချင်နဲ့ ခေါင်းညိတ်ပြတယ် ..
"Chanyeol နဲ့ Baekhyun ရောလိုက်မယ်မလား "
သူ Kyungsoo ကို ခေါ်ချင်လို့ စကားခေါ်နေမှန်းသိတဲ့ အတွက် ခေါင်းညိတ်ပေးလိုက်ပါတယ် .. Baekhyun လိုက်ရင် Kyungsoo လည်း လိုက်မှာမလား ?
ကစားကွင်းတွင် အရမ်းတွေ ရိုပြနေတဲ့ Yifan နဲ့ သူ့ကောင်မလေးအား သိပ်မကြည်ချင်တော့ ... ဘယ့်နှယ် ဒီကနှစ်ကောင်က ဘူနေပါတယ်ဆိုမှ လာပြီး ကြည်နူးပြနေတယ် .. Fan ရေ .. Tao ရေ နဲ့ .. အသည်းကပေါက်လာပြီ ... ရုပ်ရှင်ရုံမှာပိုဆိုးတယ် ... Jongin ဘေးမှာ Kyungsoo ... Kyungsoo ဘေးက Baekhyun .. သူ့ဘေးက ကျွန်တော် .. ကျွန်တော့်ဘေးမှာ Yifan တို့အတွဲ ... သေလို့ရတယ် ကြင်နာနေကြတာ .. နောက်ဆုံးခန်းက ဝမ်းနည်းပက်လက်အခန်း .. ကျွန်တော့်ဘေးက အသေးလေးက မျက်ရည်တွေ ခိုးသုတ်နေပြီ ... ပေါ်တင်သုတ်ရင် ငိုတာလူသိမှာစိုးလို့လေ .. အဲ ဘေးက အတွဲကတော့ သူ့ကမ္ဘာနဲ့သူ အနမ်းမိုးရွာနေတာဆိုတာ ရိုက်သတ်ချင်စိတ်ပါပေါက်တယ် ... first date ဆိုလည်းမပြောလိုဘူး ... ရှေ့မှာ ၃ခေါက်လောက် Date ဖူးပြီးသား ... အဲ့တာကို ရွစိတက်နေတာ ဘယ်လိုဟာတွေမှန်းမသိဘူး ...
YOU ARE READING
Out Of The Bromance
Fanfiction[Zawgyi × Unicode version] ငါတို့ကြားထဲမှာ ကာထားတာ နံရံမဟုတ်ပါဘူး... တံခါးတစ်ချပ်ပါ... မင်းအချိန်မရွေးထွက်လာခဲ့ပါ... ငါစောင့်နေမယ်... ညီအစ်ကိုဆိုတဲ့ ပတ်သတ်မှုရဲ့ အပြင်ဘက်မှာပေါ့...