ဘဲလ်ကို အဆက်မပြတ်နှိပ်နေရင်းနဲ့မှ ပွင့်လာတဲ့တံခါးကို မော့ကြည့်လိုက်တဲ့ ကျွန်နော့်မျက်ဝန်းတွေ စိုစွတ်နေလိမ့်မယ်...
"မင်းသူ့ကို မချစ်ဘူး Chanyeol ''
"ဘာကိုပြောချင်တာလဲ? "
"ငါ့ဆီပြန်လာဖို့ ဘာလုပ်ပေးရမလဲ? ဘာပဲလုပ်ပေးရလုပ်ပေးရပါ... ငါတစ်သက်လုံး အဆိုတော်မလုပ်ရတော့ဘူးဆိုလည်း ဖြစ်တယ်.... "
"ငါကတော့ မင်းဆီပြန်မလာချင်ဘူး... ငါမျက်နှာကို မြင်ရင်မင်းသေသွားမှာစိုးလို့ "
Chanyeollie ဟာ တခြားလူတစ်ယောက်လိုကို ပြောင်းလဲသွားတယ်..
"ငါ့ကိုမခနဲ့ပါနဲ့... ငါမှားခဲ့တယ်ဆိုရင်တောင် ငါမင်းကို တစ်စက္ကန့်လေးတောင် မချစ်ဘဲမနေခဲ့ဖူးဘူး "
"မင်းငိုနေတာလား? Hak hak ငါတစ်သက်လုံး မင်းကြောင့်ခံစားခဲ့ရတုန်းက အသံတစ်ချက် မထွက်ခဲ့ဖူးဘူး... မင်းအလှည့်ကျတော့မှ ငါက လူယုတ်မာကြီးကို ဖြစ်လို့ပါလား ? အစတည်းက မင်းစဉ်းစားထားလေ မင်းဆီက ထွက်သွားရင် ငါတခြားတစ်ယောက်ဆီ ရောက်သွားနိုင်တယ်ဆိုတာမျိုး.... "
"ငါကထွက်သွားလို့ပြောရင်တောင် မင်းက ထွက်မသွားနဲ့လေ... မင်းလည်းသိတာပဲ ငါအရမ်းပင်ပန်းလို့ ဒီစကားတွေပြောထွက်တယ်ဆိုတာ... "
Omma ဆုံးတုန်းက နောက်ဆုံးဖြစ်ခဲ့တဧ့ ရှိုက်ကြီးတငင်ငိုမှုဟာ အခုမှ ပြန်ရောက်လာတယ်... ကျွန်တော်ကငိုသလောက် သူကတော့ reaction က လုံးဝမပြောင်းဘူး....
"ငါလည်းပင်ပန်းနေပြီ... တစ်နေ့တစ်နေ့ မင်းခံစားချက်ကို လိုက်ပြီး မင်းမျက်နှာပဲ ကြည့်ပြီးနေရတာ တော်တော်လေး နာကျင်ရတယ်.... မင်းကတော့ မင်းပြောချင်သလိုပြော... မင်းဖြတ်ချင်တိုင်းဖြတ်.. မင်းလုပ်ချင်တိုင်းလုပ်သမျှ ငါက ငြိမ်ခံနေခဲ့တော့ မင်းကျေနပ်နေခဲ့မှာပေါ့... ဒါမယ့်လေ မင်းငါ့ကို ဘယ်လိုပဲ သဘောထားထား ငါမင်းကို နည်းနည်းလေးတောင် မမုန်းခဲ့ဘူး... မင်းပျော်နေတာကိုပဲ ငါကျေနပ်ခဲ့တာ.. ဒါမယ့် နောက်ဆုံးငါရလိုက်တာက ဘာလဲ? "
အချစ် ဆိုတာ... သူ့ကိုနာကျင်စေဖို့ ပေးလိုက်ပေမယ့် ကိုယ်က ပိုပြီးနာကျင်ရတာမျိုး...
YOU ARE READING
Out Of The Bromance
Fanfiction[Zawgyi × Unicode version] ငါတို့ကြားထဲမှာ ကာထားတာ နံရံမဟုတ်ပါဘူး... တံခါးတစ်ချပ်ပါ... မင်းအချိန်မရွေးထွက်လာခဲ့ပါ... ငါစောင့်နေမယ်... ညီအစ်ကိုဆိုတဲ့ ပတ်သတ်မှုရဲ့ အပြင်ဘက်မှာပေါ့...