ကိုယ်က အရမ်းတွေ ယုံကြည်မှုရှိနေလို့ မေးလိုက်တာမဟုတ်ဘူး... မင်းငါ့ကို သဘောကျလားဆိုတဲ့ စကားကို ပြောလိုက်ပြီးတဲ့နောက်မှာ စိုးရိမ်မှုနဲ့အတူ ဆုံးရှုံးလိုက်ရမှာ ကြောက်ရွံ့မှုတွေပါ ကပ်ပါလာတယ်...
"ငါ.... ငါ.... "
[Ph Ring]
အရေးထဲ ဖုန်းကလာနေသေးတယ်.. ဒုက္ခပဲ... နံပါတ်ကို လှမ်းကြည့်လိုက်တော့ Baekhyunee ရဲ့ Manager ..
"ဟုတ်ကဲ့ ပြောပါ "
{အစ်ကိုတို့ CEO နဲ့ ညှိပြီးသွားပြီ.. ဒီအခြေအနေမှာ ရှောင်ပြေးနေလို့မရဘူး.. အဲ့တော့ Baekhyun သဘောအတိုင်း ပေးနားမယ်.. ဒါမယ့် နောက်လအလယ်လောက်မှာ Comeback လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်.. အဲ့ဒါကို မင်းက ကူပြီး ဖြောင်းဖျပေးပါကွာ.. မင်းလည်းသိတဲ့အတိုင်းပဲ.. သူကခေါင်းမာတယ်.. ဘာပြောပြောလက်မခံဘူး.. }
"ဟုတ်ကဲ့.. ကျွန်တော်ပြောလိုက်ပါ့မယ်.. စိတ်ချပါ "
ဖုန်းချသွားတဲ့နောက်မှာတော့ ဖုန်းကို စက်ပါပိတ်ထားလိုက်တယ်.. ။ အနှောက်အယှက်တွေ...
"ဘာတဲ့လဲဟင်.. "
"အဲ့ကိစ္စနောက်မှပြောမယ်.. ခုနက မေးတာကို ဖြေပါဦး... "
"ပြီးမှဖြေလို့ရမလား... ငါဗိုက်အရမ်းဆာနေပြီ.. "
သေချာတာကတော့ သူပြောမယ့် စကားက ကောင်းတဲ့ဘက်မဟုတ်တဲ့အတွက် အချိန်ရွှေ့လိုက်တဲ့ပုံပါပဲ.. ကျွန်တော်သူ့ကို လွှတ်ပေးလိုက်ပြီး..
"ဒါဆိုလည်းအရင်စားကြတာပေါ့.. အင်္ကျီဝတ်လိုက်ဦးမယ် "
ထမင်းစားနေချိန်တစ်လျှောက်လုံး ကျွန်တော်သူ့ကိုပဲ ငေးကြည့်နေမိတယ်.. သူ့အဖြေက ဟင့်အင်း ပဲ ဖြစ်မှာသိနေပေမယ့် လိမ်ညာပြီးပဲဖစ်ဖြစ် အင်းလို့ ပြောရင် ကောင်းမှာပဲ...
သူ အိပ်ယာထဲမှာ လှဲရင်း ပြတင်းပေါက်အပြင်ကို ငေးကြည့်နေတဲ့အချိန်မှာ ကျွန်တော် ကုတင်အစွန်းမှာ ဝင်ထိုင်လိုက်ပြီး...
"ငါမင်းကိုဆုံးရှုံးလိုက်ရမယ်ဆိုရင်တောင်မှ ငါဒီထက်ပိုပြီး သူရဲဘောကြောင်မနေတော့ဘူး.. "
ESTÁS LEYENDO
Out Of The Bromance
Fanfic[Zawgyi × Unicode version] ငါတို့ကြားထဲမှာ ကာထားတာ နံရံမဟုတ်ပါဘူး... တံခါးတစ်ချပ်ပါ... မင်းအချိန်မရွေးထွက်လာခဲ့ပါ... ငါစောင့်နေမယ်... ညီအစ်ကိုဆိုတဲ့ ပတ်သတ်မှုရဲ့ အပြင်ဘက်မှာပေါ့...