Extra Chapter 5 (Ending)

2.6K 154 5
                                    

~ငါတို့မှာရှိတဲ့ နောက်ဆုံးအချိန်တွေ ~

အချိန်ဆိုတာ တကယ်ကို ထူးဆန်းတယ်.. ကုန်မြန်စေချင်ပေမယ့် မကုန်နိုင်တဲ့ အချိန်တွေဟာ ကျွန်တော်တို့ စာသင်ချိန်တွေပေါ့... ဒါပေမယ့် ချစ်တဲ့သူအနားမှာ နေရတဲ့အခါ အချိန်ဟာ ကုန်မြန်နေပြန်တယ်... ကျွန်တော်ဟာ သူ့ဘဝထဲကို ညီအစ်ကို အနေနဲ့ ပထမဆုံးခြေချခဲ့ပြီး သူ့အချစ်ဦးအဖြစ် နှလုံးသားထဲကို ဝင်ရောက်သွားခဲ့တယ်.. သူကတော့ ဘယ်အချိန်မှာ ကျွန်တော့်နှလုံးသားထဲ ဝင်လာခဲ့မှန်း မသိခဲ့ဘူး... သတိထားမိတော့ ကျွန်တော်လည်း သူ့ကို ချစ်မိနေပြီးပြီ... ကျွန်တော့်ဘဝမှာ နောင်တရစရာတွေလည်း လုပ်ခဲ့ဖူးတယ်.. လူအများကြီးကိုလည်း စိတ်ဒဏ်ရာတွေပေးခဲ့တယ်... ဒါပေမယ့် ကျွန်တော်နောင်တမရဆုံး ကိစ္စကို ပြောပြပါလို့ ပြောရင် ကျွန်တော့်အနုပညာရှင် ဘဝကို သူနဲ့လဲယူလိုက်ခြင်းပါပဲ... ဒီနေ့ ဒီအချိန်ထိ ရန်ဖြစ်ခဲ့တာတွေရှိပေမယ့် သာမန်ပျော်ရွှင်စရာ ဘဝလေးကို ဖြတ်သန်းခဲ့ရတယ်... အချိန်ကာလတွေ ဘယ်လောက်ကြာလဲဆိုတာကို သက်သေပြနေတာကတော့ ကလေးတွေပေါ့... ချန်းယောင်းက ကုမ္ပဏီကို ဦးစီးတဲ့ CEO ဖြစ်လာပြီး သူ့သားလေးတောင် မူကြိုတက်နေပြီ... အာယောင်းကတော့ ဆရာဝန်ဖြစ်လာခဲ့တယ်... ဆရာဝန်ဖြစ်တဲ့ ဂျောင်ဝူးနဲ့ပဲ လက်ထပ်ခဲ့ပြီး ကလေးတောင် ၂ယောက်ရှိနေခဲ့ပြီ... ဒီလိုဆိုတော့ အဖိုးဆိုတဲ့ရာထူးကို တိုးလာခဲ့ပြီပေါ့... အရင်က မိဘတွေနဲ့ ပျော်စရာ အိမ်လေးဟာ မိဘတွေဆုံးသွားပြီး ကျွန်တော်တို့ မနည်းပြန်ရယူထားရတဲ့နောက် ငြိမ်သက်နေခဲ့တာဟာ ချန်းယောင်း အာယောင်း ကြောင့် ပြန်ဆူညံစေခဲ့ပြီး အခုတော့လည်း ငြိမ်သက်နေပြန်ပါပြီ..

"ဘာတွေရေးနေတာလဲ "

သူ့စကားကြောင့် ဘောပင်ကို ချလိုက်ကာ သူ့ကိုကြည့်ရင်း..

"မကြာခင်မှာ ငါတို့တစ်ယောက်ကို တစ်ယောက် မေ့သွားနိုင်တယ်.. အဲ့အချိန်မရောက်ခင် မှတ်ထားချင်တာတွေ ရှိလို့ "

ကျွန်တော့်စကားကြောင့် သူက ကျွန်တော့်လက်ကို ဆုပ်ကိုင်ပြီး

"ငါမင်းကို မေ့သွားရင် ဘယ်လိုလုပ်မလဲ လို့တော့ တွေးမိပါတယ်... ဒါပေမယ့် ငါတို့အတူရှိခဲ့တာ ခဏလေးမှ မဟုတ်တာ မေ့ပါ့မလား "

Out Of The BromanceTempat cerita menjadi hidup. Temukan sekarang