"Take care of yourself... "
ပခုံးကို ခပ်ဖွဖွပုတ်ရင်း ပြောလာတဲ့စကား...
Sehun တောင်တဖြည်းဖြည်းချင်း လူကြီးဆန်လာတယ်..."Chanyeol ah... စိတ်မကောင်းလိုက်တာ... ငါငိုမိတော့မယ်... "
Yifan ကတော့ ဘယ်သောအခါမှ ရင့်ကျက်လာမှာမဟုတ်ပါဘူး... အခုတောင် မျက်ရည်စက်လက်ဖြစ်နေပြီ...
"မင်းနေတာထိုင်တာ အတည်ဖြစ်ရင် သူ့ကိုဖုန်းဆက်ဖို့နဲ့ လိုတာရှိရင် လှမ်းမှာမို့ Minseok hyung ကမှာလိုက်တယ်... သူလိုက်မပို့နိုင်တာ စိတ်မကောင်းဘူး တဲ့ "
Luhan hyung ကို ဖက်လိုက်တော့ Sehun က ဘုကြည့်ကြည့်လာသည်...
"ကျေးဇူးတင်ပါတယ်.. ကျွန်တော့်ကို Sehun သူငယ်ချင်းအဖြစ်နဲ့ပါမကဘူး ညီတစ်ယောက်လိုပါ ကူညီစောင့်ရှောက်ပေးခဲ့လို့ပါ.. Sehun မင်းလည်း လိမ်လိမ်မာမာနေတော့.. "
ဒီမြေ ဒီရေနဲ့ ဒီလူတွေကို လွမ်းသော်လည်း ခဏတော့ ခွဲနေရမယ်ထင်တယ်... ကျွန်တော့်ကို လိုက်ပို့တဲ့ Sehun, Luhan hyung , Yifan နဲ့ Jongin တို့ကို ပြုံးပြနေမိပေမယ့် ဝမ်းနည်းနေမိပါတယ်..
"Chanyeol.. မင်းတကယ်ပဲ Baekhyun hyung ကိုမပြောဘူးလား ? သူဘယ်လိုခံစားရမလဲ မင်းတွေးရဲ့လား "
"ငါပြောမထွက်လို့ပါ... နောက်တော့လည်း သိမှာပဲလေ... ဟုတ်တယ်မလား? "
လွန်ခဲ့သော နှစ်လ ခန့်က >>
"Yeol.. မင်းရဲ့ သီချင်းတွေကို Hyung မိတ်ဆွေတစ်ယောက်ကို ပြလိုက်တာ သူက မင်းကို အမေရိကမှာ ကျောင်းတက်ဖို့ ထောက်ခံပေးမယ်တဲ့ .. scholarship လျှောက်လိုက်ပေါ့.. အလုပ်အတွက်လည်း သူကူညီပေးလိမ့်မယ်.. "
Taekwon hyung ရဲ့စကားကို ကြားတော့ ဝမ်းသာမှုအပြင် စိတ်မချမ်းသာမှုပါ ဒွန်တွဲပြီး ဖြစ်ပေါ်လာသည်... သို့ပေမယ့် ကျောင်းတော့ လျှောက်လိုက်ပါတယ်.. အဲ့ဒီတစ်ပတ်က form နောက်ဆုံးလက်ခံတာမို့ပါ... ကျွန်တော့် ဒွိဟိစိတ် ကိုတော့ Hyung ကပဲ ရှင်းပေးခဲ့တာပါ...
"Yeol.. မင်း သွားရနိုး မသွားရနိုး ဖြစ်မနေနဲ့.. အခွင့်အရေး ဆိုတာ ၂ခါမလာဘူး.. ပြီးတော့ မကြာသေးခင်က ကောလဟာလမျိုး ထပ်မပေါ်လာနိုင်ဘူးလို့ မပြောနိုင်ဘူး.. မင်းတို့ကို သတင်းထောက်တွေ မျက်စိကျနေတာ.. သူတို့ရဲ့ သားကောင်မဖြစ်ပါစေနဲ့.. မင်းပြန်လာတဲ့ အခါ အရာအားလုံးက အသစ်ဖြစ်နေမှာပါ.. ငါမလုပ်နိုင်ပေမယ့် မင်းကိုတော့ အောင်မြင်စေချင်တယ်ကွာ.. ငါ့စေတနာပါ "
YOU ARE READING
Out Of The Bromance
Fanfiction[Zawgyi × Unicode version] ငါတို့ကြားထဲမှာ ကာထားတာ နံရံမဟုတ်ပါဘူး... တံခါးတစ်ချပ်ပါ... မင်းအချိန်မရွေးထွက်လာခဲ့ပါ... ငါစောင့်နေမယ်... ညီအစ်ကိုဆိုတဲ့ ပတ်သတ်မှုရဲ့ အပြင်ဘက်မှာပေါ့...