_10_

3.2K 357 2
                                    

"Taekwon ah... ဒီကလေးလား? Producer Y က? "

"ဟုတ်တယ်... အခုမင်းသီချင်းလည်း သူ့ဟာပဲ "

နာမည်ကြီး Agency က Idol ရဲ့ Single Album အတွက် Title song ကို ကျွန်တော်ဖန်တီးပေးရသည်မှာ ဘယ်လောက်ကျေနပ်စရာကောင်းလိုက်လဲ?

"အခုတလော သူကတော်တော်လေး နာမည်ကြီးနေတာ... Agency က ဒါကြောင့် သူ့ဆီအပ်ထားတာကိုး... အထက်တန်းကျောင်းသားဆို? "

"ဟုတ်ကဲ့... နောက် 6လ အထက်တန်းပြီးပါပြီ "

"Taekwon တို့တော့ လူကောင်းရထားတာပဲ"

Idol တစ်ယောက်က အဲ့လိုချီးကျူးတော့ လုပ်ရကျိုးနပ်သလို ခံစားရသည်.... Taekwon Hyung က Agency ပိုင်ရှင်ရဲ့ တူလေ... အဲ့ဒါကြောင့်လည်း ကျွန်တော့်ကို ပိုဦးစားပေးကာ အလုပ်လုပ်ခိုင်းတာပေါ့... အဲ့ဒီ idol ရဲ့ကျေးဇူးကြောင့်ပဲ ကျွန်တော်ဟာ Baekhyunne ကို သီချင်းရေးပေးဖို့ဖြစ်လာပါတော့တယ်.....

"Chanyeollie... ဒါကလေ ငါ့အတွက် ပထမဆုံး Album သိလား? မင်းကိုယ်တိုင် ပြင်ဆင်ပေးမှာဆိုတော့ အရမ်းပျော်တယ် "

ဟုတ်ပါတယ်... ၁၂ပုဒ်ပါ Album အတွက် ကျွန်တော့်သီချင်းက ၅ပုဒ်လောက် ပါပါတယ်... ဒါတောင် တစ်ခွေလုံးသုံးရင် မကောင်းလို့ သူတို့ဆီက တေးရေးဆရာတွေဆီက ယူသုံးဦးမှာ... Baekhyunee က ရှေ့လတွေမှာ Single Song နဲ့ Mini album ထွက်ထားပြီး လက်ရှိမှာ အောင်မြင်နေတဲ့ Solo artist တစ်ယောက်ပါ... အဲ့ဒါကပဲ ကျွန်တော့်ကို အဆိပ်သင့်စေခဲ့တာနေမှာပါ.... သူ့ရဲ့အောင်မြင်မှုကပဲ ကျွန်တော်တို့ကို ဝေးစေခဲ့တာ...

"Hello... Chanyeol ah.. အခုဘယ်မှာလဲ? Company မှာရှိနေလား? "

"ဟုတ် ရှိပါတယ်.. "

"အဲ့ဒါဆိုရင် Studio ကိုခဏလောက်လာခဲ့ပါလား ? Baekhyun မနက်ကတည်းက အသံသွင်းနေတာ အဆင်မပြေလို့ "

Manager hyung ရဲ့ဖုန်းကြောင့် ကျွန်တော် studio မှာ ဘာဖြစ်နေသလဲ သွားကြည့်မိပါတယ်... အားလုံးက ခဏ break ထားပြီး အသံသွင်းတဲ့အခန်းထဲကနေ Baekhyunee ကထွက်မလာပါဘူး.. ကျွန်တော်ကပဲ ခွင့်တောင်းပြီး ဝင်သွားလိုက်ရတယ်...

"Baekhyunee... စိတ်ညစ်နေတာလား? အခုသီချင်းက အပျော်သီချင်းလေ... ဒီတိုင်းဆို အဆင်ပြေမှာမဟုတ်ဘူး.... "

Out Of The BromanceHikayelerin yaşadığı yer. Şimdi keşfedin