_30_

1.4K 137 0
                                    

"Oppa...... ''

ရုတ်တရက်ကြီး Scandal ထွက်လာတော့ တဖက်လူကိုအားနာနေမိသည်... တကယ်ဆို ကိုယ်က ဘာမှမဟုတ်ပေမယ့် တဖက်လူက အဆိုတော်လေ....

"Yujin ah.... တကယ်ပဲ စိတ်မကောင်းပါဘူး.... မနက်ဖြန်ကျရင် သတင်းထောက်တွေနဲ့ ရှင်းပေးပါ့မယ်.... ဒီလိုမျိုး Scandal ထွက်တာ မင်းအတွက်မကောင်းဘူးလေ... ''

"မဟုတ်ဘူး Oppa.. ညီမက Comfrim မလို့.... ''

Yujin ရဲ့ စကားကြောင့် မျက်လုံးပြူးသွားရတယ်.... တကယ်ဆို Yujin နဲ့ ကျွန်တော်ဟာ မောင်နှမတွေလိုပါပဲ... Yujin ဟာ ဆယ်ကျော်သက်အရွယ်ကတည်းက အဆိုတော်ဖြစ်လာတာမို့ မိသားစုနဲ့သိပ်မနေခဲ့ရဘူး.... နာမည်ကြီး girl group အဖွဲ့ဝင်အနေနဲ့လည်း ဆင်ခြင်ခဲ့ရတာတွေများတဲ့ပုံပါပဲ....

"ဒီလိုပါ.... ညီမမှာ ချစ်သူရှိပါတယ်... ဒါမယ့် သူက ထုတ်ပြလို့မရတဲ့သူဖြစ်နေတယ်.... ညီမတို့နောက်ကို လိုက်နေတဲ့ သတင်းထောက်တချို့လည်း ရှိနေလို့ Oppa ကို အကူအညီတောင်းတာပါ... ကူညီလို့ရရင် ကူညီပါ... ''

Yujin ရဲ့ မျက်နှာဟာ တဖြည်းဖြည်းငုံ့လာတာ မြေကြီးနဲ့ ထိမတပ်ပဲ....

"Yujin ah..... ''

"တကယ်လို့ Oppa မှာ တွဲနေတဲ့သူရှိတယ်ဆိုရင် ညီမကိုယ်တိုင် လိုက်ပြီး ပြောပြပါ့မယ်... ကူညီပါနော် Oppa ''

"မင်းရဲ့ချစ်သူက ဘယ်သူဆိုတာနဲ့ သူကြည်ဖြူလား သူလက်ခံလားဆိုတာ Oppa သိချင်တယ်... ''

"ညီမချစ်သူက Hoseok Oppa ပါ ''

"Manager hyung????''

Yujin က ခပ်သွက်သွက် ခေါင်းညိတ်ပြတော့ သူ့မန်နေဂျာကလည်း အနားရောက်လာသည်.... ။

"အခုချိန်မှာ ပေါ်သွားရင် Hoseok Oppa နဲ့ agency နဲ့ ပြသနာတက်မှာ... ပြီးတော့ ညီမရောပဲ .... ဒီစာချုပ်ပြည့်ရင် Oppa က စားသောက်ဆိုင်ဖွင့်တော့မှာ ... Oppa အပြင်ရောက်သွားတဲ့ထိပဲ ကူညီပေးပါ... စာချုပ်ကလည်း ၆လလောက်ပဲ လိုတော့တာပါ .. "
••••••••••••••••••••••
* Yujin and producer Chanyeol are dating for 3 months *
••••••••••••••••••••••
"မင်း...... ကောင်မလေးနဲ့ ရန်ဖြစ်ထားတာလား "

ကျွန်တော် ဘာကိုပြောချင်တာလဲ သူသေချာစဉ်းစားနေပြီးမှ ခေါင်းခါပြကာ

Out Of The BromanceWhere stories live. Discover now