"Chanyeol ~~~~~~~~ "
မရောက်တာကြာသည့် SBC ကို ခြေချလိုက်သည်နှင့် အပြေးလာနှုတ်ဆက်သူ Heechul hyung....
"Anneonhasayo hyung.... "
"Baekhyun က အပေါ်ထပ်မှာ အကတိုက်နေတယ် "
"အော်..... ကျွန်တော်သူ့ဆီလာတာမဟုတ်ပါဘူး... အလုပ်ကိစ္စရှိလို့ပါ... "
"မင်းတို့ရန်ဖြစ်ထားတာလား? "
ကြက်ကြီးလည်လိမ်ထားသလို မအီမသာဖြစ်နေသော ရုပ်ကြောင့် Hyung ကမေးခြင်းပါ..
"လမ်းခွဲလိုက်ကြပြီ Hyung..... "
Heechul hyung က ပခုံးကို အားပေးသလိုညစ်ကာ
"Chanyeol ah.... တကယ်တော့ ငါ Baekhyun ကို နားလည်တယ်... လူတွေရဲ့စောင့်ကြည့်တာကို ခံနေရတဲ့သူက သူ့ရဲ့အကောင်းဆုံးဆိုတာတွေကိုပဲ လူတွေကိုမြင်စေချင်ကြတယ်... သူ့ကိုသဘောမကျတဲ့သူတွေက ထောက်ပြစရာဖြစ်မယ့်ပုံစံမျိုးတွေ.. သူ့ကိုချစ်တဲ့သူတွေက စွန့်ခွာသွားမယ့် ပုံစံတွေကို မပြချင်ကြဘူးလေ ... အခုချိန်မှာ သူအရမ်းကို ပင်ပန်းနေမှာ ... မင်းတို့ချင်းဘယ်လောက်ချစ်လဲ မင်းအသိဆုံးမလား .... သူ့ကိုစိတ်ကျရောဂါရတဲ့အထိ ပင်ပန်းအောင်မလုပ်ပါနဲ့ကွာ... ငါ ညီလေးတစ်ယောက်မဆုံးရှုံးချင်ဘူး.... "
"သူပင်ပန်းနေတာမကြည့်ရက်လို့လည်း လမ်းခွဲမယ့်ကိစ္စကို မတားခဲ့တာ... သူ့ကိုဝန်ထုပ်ဝန်ပိုးတွေမထမ်းထားစေချင်ဘူး "
"အေးပါ... Hyung အဓိကပြောချင်တာက မင်းလည်းမပျော်ဘူး သူလည်းမပျော်ဘူးဆိုရင် လမ်းခွဲတာက ဘာအတွက်လဲဆိုတာလေး စဉ်းစားကြည့်စေချင်ရုံပါ... အားမလျော့နဲ့... Fighting! "
SBC က Boy Group ရဲ့ Sigle သီချင်းအတွက် တိုင်ပင်တာပြီးတော့ အပေါ်ထပ်က Dance Practice room ကိုအပြင်ဘက်ကနေ ကြည့်မိတယ်.... ခဏနားနေတဲ့ပုံပဲ... အားလုံးက ပင်ပန်းကာ ကြမ်းပြင်မှာ လှဲတဲ့သူကလှဲ... ထိုင်တဲ့သူကထိုင်နဲ့ စကားတွေပြောနေကြတာ... Baekhyunee ကတော့ မှန်ကိုမှီကာ ငိုင်တိုင်တိုင်လေးထိုင်နေတယ်... သူနဲ့မတွေ့တဲ့ ၁ပတ်အတွင်း သူတော်တော်ပိန်ကျသွားတယ်... ကျွန်တော်သူ့ကိုအားပေးချင်လိုက်တာ... သူ့လည်ဂုတ်လေးကို သာသာပုတ်ရင်း အားတင်းထားလို့ပြောချင်တယ်... မင်းကိုချစ်တဲ့ ပရိသတ်တွေက မင်းအတွက်အမြဲရှိနေမှာလို့ ပြောပြချင်တယ်... သူ့ပရိသတ်တွေကို ချော့ဖို့ သီချင်းလေးတွေကို ရေးပေးချင်တယ်... ဒါမယ့် သူ့အနားသွားရင် သူ့ကိုပေးမိတာက ပြသနာဆိုတဲ့ အရာပဲဖြစ်ခဲ့တယ်... ကိုယ်ကဘာမှမလုပ်တောင် ပြသနာက သူ့အလိုလိုဖြစ်နေတာ... ကိုယ်ကသူ့အတွက် လိုအပ်တာကို ဖြည့်ဆည်းပေးချင်တာ... အခုလို ပင်ပန်းအောင်လုပ်နေမိလို့ သူ့အနားကိုတောင် မသွားရဲဘူး.... သူထပ်ပြီးနာကျင်မှာစိုးတယ်... Baekhyunee ရယ် အားတင်းထားပါကွာ... အဆင်ပြေသွားမှာပါ .....
×××××
SBC က Debut လုပ်တာသပ်မကြာသေးတဲ့ Boy group က M Count Down မှာ Comeback Stage လုပ်မှာ... အဲ့အဖွဲ့ဝင်နဲ့ Baekhyunee နဲ့ Collaboration လုပ်ထားတဲ့ သီချင်းအတွက် Special stage လည်း M Count down stage မှာ လုပ်မှာပါ ... Comeback သီချင်းက ကျွန်တော့် သီချင်းမို့ Rehearsal လုပ်တဲ့အချိန်မှာ သွားကြည့်ပေးခဲ့တယ်... သွားတာတော့ အလုပ်နဲ့ပါပဲ.. ဒါမယ့် ကားပေါ်ကဆင်းတော့ ပရိသတ်တွေကို လက်ပြနှုတ်ဆက်ရင်း အသည်းပုံတွေပါလုပ်ပြနေတဲ့သူကို မြင်တော့ လှမ်းကြည့်မိလိုက်တယ်... သူ့လိုပဲ Fan တွေက ပျော်ရွှင်နေကြတယ်... သူပျော်နေတယ်လို့ထင်ပြီး စိတ်ချလက်ချ ပျော်နေတဲ့ သူ့ရဲ့သားသမီးတွေကို ကြည့်ရင်း မျက်ရည်ကျမတတ်ခံစားရတယ်... တကယ်ဆို သူမပျော်ဘူးလေ... ဒါမယ့် သူချစ်တဲ့သူတွေ စိတ်ပူမှာစိုးလို့ မျက်နှာပြောင်လိုက် ခုန်ဆွခုန်ဆွနဲ့ အသဲတွေပေးလိုက်နဲ့ အတင်းလုပ်ယူနေတာ... ကျွန်တော်ပြောသားပဲ သူသရုပ်ဆောင်ကောင်းပါတယ်လို့... ပရိသတ်တွေကို နှုတ်ဆက်ပြီး အထဲဝင်သွားတဲ့အခါ Waiting room မှာ ထိုင်နေတဲ့သူ့ကို လှမ်းတွေ့လိုက်လို့ အခြေအနေကြည့်လိုက်မိတယ်... မှိုင်မှိုင်တွေတွေလေးထိုင်နေတဲ့သူ့ပုံစံက ခုနက Baekhyun နဲ့ တခြားစီ... တခြားတစ်ယောက်လို ပြောင်းလဲနေတဲ့ သူ့အခြေအနေကြောင့် စိတ်ပူမိပေမယ့် စင်ပေါ်တက်ပြီး Pre Recording လုပ်တော့ လုံးဝကို ပျော်နေတဲ့ပုံ ပြန်ဖြစ်သွားတဲ့ ကျွန်တော့် ချစ်သူလေး... မခံစားနိုင်လို့ ထိုင်ငိုနေရင်တောင်မှ သူ့ရင်ထဲပေါ့သွားမှာမလို့ စိတ်ဖြေသာမှာပေမယ့် အခုလိုကြီး မျိုသိပ်ထားတာတွေတော့ တကယ်ကို ရင်နာရတယ်... Heechul hyung ပြောတဲ့စကားကိုလည်း ကြားယောင်လာတယ်... "သူ့ကိုစိတ်ကျရောဂါရတဲ့အထိ ပင်ပန်းအောင်မလုပ်ပါနဲ့ကွာ... ငါ ညီလေးတစ်ယောက်မဆုံးရှုံးချင်ဘူး""မင်းလည်းမပျော်ဘူး သူလည်းမပျော်ဘူးဆိုရင် လမ်းခွဲတာက ဘာအတွက်လဲ"
YOU ARE READING
Out Of The Bromance
Fanfiction[Zawgyi × Unicode version] ငါတို့ကြားထဲမှာ ကာထားတာ နံရံမဟုတ်ပါဘူး... တံခါးတစ်ချပ်ပါ... မင်းအချိန်မရွေးထွက်လာခဲ့ပါ... ငါစောင့်နေမယ်... ညီအစ်ကိုဆိုတဲ့ ပတ်သတ်မှုရဲ့ အပြင်ဘက်မှာပေါ့...