"Yah! Chanyeollie.... Hee chul hyung ကို ဘာလို့ငါတို့အကြောင်း ပြောလိုက်တာလဲ? "
Taekwon hyung studio မှာ သီချင်းတီးနေတုန်း ဝုန်းဒိုင်းကြဲ ဝင်လာတဲ့ Baekhyun..
"Huh?! အာ.... Hyung က အတည်ကြီး မေးလို့ဖြေလိုက်တာပါ... ဘာလို့်လဲ မကြိုက်လို့လား? "
"မကြိုက်တာမဟုတ်ပါဘူး... ဒါမယ့် ဒါလူတကာကို ပြောနေရမယ့် ကိစ္စ မဟုတ်ဘူးလို့ ထင်တာပဲ... "
"ငါက... "
ပြောချိန်တောင်မရလိုက်... ပြန်ထွက်သွားပြီ.. ဘာဖြစ်ရပြန်တာလဲကွာ... ဖုန်းဆက်ကြည့်တော့လည်း ဖုန်းမကိုင်ဘူး.. ကျစ် ~
****
အိမ်ပြန်ရောက်တော့ ကုတင်ပေါ်မှာ ထိုင်ရင်း သီချင်းနားထောင်နေလျက်ပုံစံနဲ့ သူ့ကိုတွေ့တယ်..."ဘာလို့ ဖုန်းမကိုင်တာလဲ? ဖုန်းတွေတောက်လျှောက်ခေါ်နေတာကို.... "
"........"
ဘာအဖြေမှမလာတာနဲ့ သူ့နားသွားထိုင်ပြီး သူ့နားကြပ်ကို ဖြုတ်ကာ သူ့မျက်နှာကို မေးစေ့ကနေကိုင်ကာ ကိုယ့်ဘက် ဆွဲလှည့်ရင်း...
"စိတ်ကောက်နေတာလား? ဘာလို့လဲ... မနက်ကကိစ္စကို မကျေမနပ်ဖြစ်နေတုန်းလား?ဟင်!? ဖြေပါဦး... "
"စိတ်ကောက်ရအောင် မိန်းကလေးလား? "
အဲ့လိုသာပြောတယ် နှုတ်ခမ်းထော်ပြီး ဟိုဘက်လှည့်သွားတာက သူ....
"မှန်တယ်ထင်တာပဲ... ကိုယ်ကတော့ "
" Yah!!!!!!!!!!!!!!!!! "
နားကိုအူထွက်သွားတာပဲ... ကိုယ့်နားကိုယ်ပြန်ပွတ်ရင်း ကျောခိုင်းထိုင်နေတဲ့ သူ့ကိုကိုယ့်ပေါ်စွေ့ကနဲ ချီပြီးပောင်ပော်တင်လိုက်တယ်... လူကောင်သေးတော့ ချက်ချင်းပဲ ရောက်လာတာ...
"ဘာလုပ်တာလဲ? "
"ဘာမှမလုပ်ရသေးပာဘူး... ဒါနဲ့ မေးပါဦးမယ်.. ကိုယ်တို့ Relationship က ရက် ၁၀၀ ပြည့်ဖို့ သိပ်မလိုတော့ဘူးနော်... မင်းအခုထိ ဝန်မခံသေးဘူး... အခုတော့ ရှောင်ပြေးဖို့မကြိုးစားနဲ့"
အဲ့လိုပြောတော့ ခေါင်းကုတ် ခြေကုတ် အင်းအဲနဲ့ အကွက်ဆင်နေပြန်တယ်... လစ်ပြေးဖို့လေ... ဘာလေးမှန်းကိုမသိဘူး...
YOU ARE READING
Out Of The Bromance
Fanfiction[Zawgyi × Unicode version] ငါတို့ကြားထဲမှာ ကာထားတာ နံရံမဟုတ်ပါဘူး... တံခါးတစ်ချပ်ပါ... မင်းအချိန်မရွေးထွက်လာခဲ့ပါ... ငါစောင့်နေမယ်... ညီအစ်ကိုဆိုတဲ့ ပတ်သတ်မှုရဲ့ အပြင်ဘက်မှာပေါ့...