_25_

2.6K 263 4
                                    

လမ်းခွဲထားတဲ့ ချစ်သူတဲ့ ... မိုးလင်းလို့ မျက်လုံးပွင့်တာနဲ့ ဘေးမှာ ကွေးကွေးလေး အိပ်နေတဲ့သူ့ကို တန်းမြင်ရတယ် ... မနက်စာလည်း မျက်နှာချင်းဆိုင် စားကြရင်း ညစာလည်း အတူစားဖြစ်ပြန်တယ် ... တခါတခါဆို အလုပ်ကိစ္စတွေတောင် ပြောဖြစ် တိုင်ပင်ဖြစ်သေး .... လမ်းခွဲတယ်ဆိုတဲ့ အဓိပ္ပါယ်က ဘာများလဲ?  လမ်းတစ်ခုတည်းကို အတူတူ မလျှောက်တော့တာလား? ကျွန်တော်တို့က အတူတူလျှောက်နေကြဆဲပဲ ... ပြတ်စဲတယ်ဆိုတာကလည်း အဆက်အသွယ် ပြတ်သွားတာ .. မဆ်သွယ်တော့တာမလား? ကျွန်တော်တို့က အဆက်သွယ်ရှိသလို အမြဲအတူရှိနေတာ ... ကျွန်တော်တို့ရဲ့ ဆက်ဆံရေးက ဘာများဖြစ်မလဲ? တခါတလေဆို ကျွန်တော် သူ့ကိုပြောမိတယ် ... ငါတို့ပြန်တွဲရအောင် လို့လေ ... အဲ့လိုပြောတိုင်း သူက ခေါင်းခါရင်း စကားလမ်းကြောင်းလွှဲသွားတာချည်းပဲ ... တခါတခါများ ကျပြန်တော့လည်း ချစ်တယ်လို့ ပြောတဲ့အခါ တိတ်တိတ်လေး ပြုံးနေပြန်တယ် ... သူ့စိတ်ထဲကို ဝင်ကြည့်လို့ရရင် ဝင်ကြည့်ချင်မိတယ် ... ကျွန်တော့်ကို ဘယ်အကန့်ထဲ ထည့်ထားသလဲ လို့လေ ...

"Baekhyunne .. ထတော့လေ.. မင်း Drama ရိုက်ကွင်း ဒီနေ့စမှာမလား? "

အခုနောက်ပိုင်း Baekhyunne လို့ ညာတာပါတေးနဲ့ ခေါ်လည်း အရင်ကလို မသောင်းကျန်းတော့ပါ ... ဘာမှကိုမပြောတာ အဲ့ကိစ္စနဲ့ပတ်သတ်ပြီးလေ... ဟိုတစ်နေ့က Jongin က လာပြတယ် ... Kyungsoo ဆီ လာပြီး အရက်သောက်ကြတုန်းက မမူးခင် အမှန်ပြောတိုင်း ကစားကြတယ်တဲ့ .. Jongin မေးတဲ့မေးခွန်းက ဘာလဲ.... ဘဝမှာ အမြတ်နိုးဆုံး အရာ ၃ခုတဲ့.... သူဘာဖြေလဲဆိုတော့... Baekhyunne ဆိုတဲ့ နာမည်ရယ်... Chanyeollie ရယ်... အဆိုတော် အလုပ်ရယ်တဲ့.... သူကျွန်တော့်ကို ချစ်ပေမယ့်လည်း သူမြတ်နိုးတဲ့ အလုပ်ကို မဆုံးရှုံးချင်တာဟာ သဘာဝကျပါတယ်.... ကျွန်တော်က ရပါတယ်... သူ့ဘေးမှာ သူ့လိုအပ်ချက်လေးတွေ ဖြည့်ဆည်းပေးရင်းနဲ့ နေနေရရင်ကို ကျေနပ်နေပြီ ... တခါတလေတော့လည်း Baekhyunne ကို သတ္တိရှိစေချင်တယ် ... ရှောင်ပြေးနေမယ့်အစား ထိပ်တိုက်ရင်ဆိုင်ဖို့ ရဲရင့်စေချင်တယ် ... သူချစ်တဲ့သူအတွက် နည်းနည်းလောက် ဖြစ်ဖြစ် ခေါင်းမော့ထားစေချင်တယ်....

"Dongho hyung? "

"Baekhyun.... "

"Hyung ဒီမှာ အလုပ်လုပ်နေတာလား? ကျွန်တော်တောင်မသိဘူး... ''

Out Of The BromanceWhere stories live. Discover now