"ဘာ... ဘာလာလုပ်တာလဲ ?!!!"
"ကိုယ့်ညီအိမ်ကို အစ်ကိုကလာတာပဲ... ထူးဆန်းလား? ဒါနဲ့ နေပါဦး... မင်းက အစ်ကိုများလား ?"
အိမ်ရှေ့တံခါးရှေ့မှာ အတောင့်လိုက်ကြီးရပ်နေပြီး မဖယ်ပေးတာမို့ သူ့ကိုတွန်းဖယ်ပြီး ဝင်လာခဲ့လိုက်တယ်....
"ဘာကိစ္စရှိလို့လဲ? မိုးချုပ်နေပြီ "
"ဟော... မင်းမေ့နေပြီလား? မင်းပြောသလိုပဲ ငါတို့က ညီအစ်ကိုလေ... မင်းအမေနဲ့ ငါ့အဖေနဲ့ လက်ထပ်ပြီး သန်းခေါင်စာရင်းထဲ ထည့်ထားတဲ့ ပတ်သတ်မှုမျိုးနဲ့ ငါတို့က ညီအစ်ကိုတော်တယ်... မင်းပဲပြောတာ... ညီအစ်ကိုအနေနဲ့ ကြိုက်တဲ့အချိန်လာဆို.... ညီအစ်ကိုကြားထဲမှာ အိမ်လည်လာတာ ကိစ္စရှိဖို့မလိုဘူးလို့တော့ထင်တာပဲ "
သူချည်တဲ့ကြိုးနဲ့ သူ့ကိုပြန်ချည်တော့ ဘာမှမပြောဘဲ ထွက်သွားတယ်... ကိုယ်ကတော့ ဆိုဖာမှာ ခြေချိတ်ထိုင်ရင်း TV ပါ ဖွင့်ကြည့်နေလိုက်တယ်....
"အား! ဗိုက်ဆာလိုက်တာ.... Baekhyunee ဘာမှစားစရာမရှိဘူးလား? "
"Chanyeol ...... "
"Huh? ဗိုက်ဆာတယ် လို့ "
မျက်စိရှေ့မှာ ခါးထောက်ကာရပ်နေတဲ့ သူ့ကို သေချာကြည့်ကာ ထပ်ပြောတော့
"Hyung လို့ခေါ် "
"ဟမ်?!!!!!!! "
"အခုကစပြီး Hyung လို့ခေါ်... ငါကမင်းအစ်ကို... ငါတို့ကြားမှာ ညီအစ်ကိုဆိုတာပဲ ရှိတယ်.... မင်းတကယ်ပဲ ငါ့ကို အစ်ကိုလို့သဘောထားတယ်ဆိုရင် အဲ့လိုပဲခေါ်သင့်တယ် "
"ဘာလို့ခေါ်ရမှာလဲ? ငယ်ငယ်တည်းက တခါမှ ခေါ်တာမဟုတ်ဘူး... Hyung လို့မခေါ်လည်း မင်းက အစ်ကိုဆိုတာ မင်းရော ငါရော သိနေတာပဲဟာ "
"ငါကမင်းရဲ့ သူငယ်ချင်းလည်းမဟုတ်ဘူး.. ပြီးတော့..... ပြီးတော့ ချစ်သူလည်းမဟုတ်ဘူး... Baekhyunee လို့ခေါ်ဖို့မလိုဘူး... အဲ့လိုဆက်ခေါ်မယ်ဆိုရင် ငါ့အိမ်ကိုမလာနဲ့ "
တစ်သွေးတစ်သံတစ်မိန့်အဖြစ် အမိန့်တွေပေးကာ အာဏာပြနေသော ချစ်ရသူအား ပေစောင်းစောင်း ကြည့်လိုက်သည်... ဟိုအရင်တည်းက သူက လူကောင်လည်းသေးတဲ့အပြင် ကလေးဆန်ပြီး ချစ်ဖို့ကောင်းလို့ အစ်ကိုလို့ကို မခေါ်ခဲ့တာ... တစ်တန်းထဲ သူငယ်ချင်း Jongin က Hyung လို့ခေါ်ပေမယ့် ကိုယ်က အမြဲ Baekhyunee လို့ပဲခေါ်ခဲ့တာ... အခုမှလာပြီး ဘာတွေခေါ်ခိုင်းနေမှန်းမသိဘူး...
YOU ARE READING
Out Of The Bromance
Fanfiction[Zawgyi × Unicode version] ငါတို့ကြားထဲမှာ ကာထားတာ နံရံမဟုတ်ပါဘူး... တံခါးတစ်ချပ်ပါ... မင်းအချိန်မရွေးထွက်လာခဲ့ပါ... ငါစောင့်နေမယ်... ညီအစ်ကိုဆိုတဲ့ ပတ်သတ်မှုရဲ့ အပြင်ဘက်မှာပေါ့...