"Chanyeol !!! အစောကြီးပဲ "
"Hyung ... ဒီရက်ပိုင်း ကျွန်တော် ဒီမှာနေလို့ရမလား ? "
အခုချိန်မှာ ကျွန်တော့်အလုပ်ရှင် Hyung ကိုပဲ အကူအညီတောင်းရတော့မယ် .. ငှားထားတဲ့ အိမ်ကလည်း Company တစ်ခုကိုရောင်းလိုက်လို့ အထပ်အားလုံးရွှေ့ပေးရတယ် ...
"နေတာက ရပါတယ် ... အဆင်ရော ပြေပါ့မလား ? "
"အိပ်ရရင်ရပြီ ... ကျွန်တော်က အချိန်တိုင်း အလုပ်လုပ်နေတာကိုးဗျ ... "
Minseok Hyung သည် ကျွန်တော့်အတွက် ကျေးဇူးရှင်ပင် ... ဆိုင်မှာနေဖို့ ခွင့်ပြုတဲ့အပြင် ကျွန်တော်တခြားအလုပ်လုပ်တာတွေကိုလည်း ခွင့်ပြုပေးခဲ့သည် ... ကျွန်တော် မနက်တိုင်း နွားနို့နဲ့သတင်းစာပို့တယ် .. ပြီးရင် ကျောင်းသွား ... ကျောင်းကအပြန် Hyung Cafe မှာ ည ၁၁ နာရီ ထိ လုပ် .... ဆိုင်သိမ်းပြီး Hyung ပြန်ရင် Bar တစ်ခုမှာ ဖျော်ဖြေတဲ့ အလုပ်လည်း ၃နာရီထိလုပ်ပြီး ပြန်လာ ... မနက် ၇နာရီ အလုပ်ပြန်စ ... သံသရာလည်နေတော့တာပေါ့ ....
"Hello ... "
"Baekhyun Hyung ... Chanyeol အိမ်ပြောင်းသွားတာ ဘယ်မှာလဲ သိလားလို့ပါ .. ဖုန်းဆက်တာလည်း မကိုင်ဘူး ... "
Jongin စကားကြောင့် ထစ်ထစ်ငေါ့ငေါ့နဲ့ ပြန်မေးယူရတယ် ....
"အိမ်ပြောင်း .. ပြောင်းသွားတယ် ??? ဘယ်တုန်းက ??? "
"Hyung မသိဘူးလား ? Hyung တို့ ခေါင်မိုးထပ် အဆောက်အအုံကို ပြင်ဆောက်နေတယ် အခု ... Chanyeol ကလည်း ဆက်သွယ်လို့မရဘူး ... "
Jongin ဖုန်းချသွားသည်နှင့် Chanyeol ဆီ ဖုန်းခေါ်မိသည် ... တကယ်ပဲ မကိုင်ဘူး ... သူဘယ်ရောက်သွားပါလိမ့် ???
"Baekhyun ... ငိုနေတယ် ???? "
"Yong Ho ... Chanyeollie တစ်ယောက်တည်း ဒုက္ခရောက်နေပြီ ထင်တယ် ... ငါတကိုယ်ကောင်းဆန်နေပြီလား ? ငါသူ့ကိုတစ်ယောက်တည်း ထားခဲ့ပြီး ငါက အဆိုတော်ဖြစ်အောင် ကြိုးစားနေမိတယ် .. အခုလက်လျှော့လိုက်ရမလား ? အရေးထဲ ဒီတပတ် အိမ်ပြန်ခွင့်မပေးဘူး ... ငါဘယ်လိုလုပ်ရမလဲ ... ငါရူးတော့မယ် Yong Ho ah .. "
Training အတူဆင်းနေတဲ့ Yong Ho ကိုသာ ရင်ဖွင့်ဖြစ်တယ် ... Yong Ho က သူ့အကြောင်းအသိဆုံးသူလို့ ပြောလို့ရတယ် ...
YOU ARE READING
Out Of The Bromance
Fanfiction[Zawgyi × Unicode version] ငါတို့ကြားထဲမှာ ကာထားတာ နံရံမဟုတ်ပါဘူး... တံခါးတစ်ချပ်ပါ... မင်းအချိန်မရွေးထွက်လာခဲ့ပါ... ငါစောင့်နေမယ်... ညီအစ်ကိုဆိုတဲ့ ပတ်သတ်မှုရဲ့ အပြင်ဘက်မှာပေါ့...