"Baekhyunne.... ဒီမှာကြည့်ပါဦး "
လွယ်အိတ်ထဲမှာ ခေါက်ထည့်ထားတဲ့ လက်ကမ်းစာစောင်လေး သူ့ကိုပြလိုက်တော့ သူက သေသေချာချာယူကြည့်ပြီး ခေါက်သိမ်းလိုက်သည်...
"အခုချိန်မှာ ဒါအတွက်အချိန်မပေးနိုင်သေးဘူး... "
အိပ်ယာပေါ်မှာလှဲဖို့လုပ်နေတဲ့သူ့ကို ကိုယ့်ဘက်ဆွဲယူကာ မျက်နှာချင်းဆိုင်ထိုင်လိုက်ပြီး...
"ဒါကအခွင့်အရေးပဲ... ငါမင်းကို အဆိုတော်ဖြစ်စေချင်တယ်... မင်းငါ့အတွက်ပဲ ဖြစ်ဖြစ်မကြိုးစားပေးချင်ဘူးလား "
ကျွန်တော်တို့မှာ ပိုက်ဆံမရှိဘူးဆိုတာ မှန်ပေမယ့် ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် သူ့ကို ပံ့ပိုးပေးချင်တယ်.. သူကအဆိုတော်ဖြစ်ရမယ့်လူလေ.. အခုလည်း Audition ခေါ်တဲ့ကြော်ငြာတွေ့နေရဲ့နဲ့ မသွားစရာဘာအကြောင်းရှိလဲ... Audition အောင်ရင် Trainee ဖြစ်လာမှာ.. နောက်ပြီးရင်တော့ ကျွန်တော်တို့ရဲ့ အိမ်မက်အတိုင်း Idol ဖြစ်လာနိုင်တယ်လေ...
"ငါမင်းကိုမထားခဲ့နိုင်ဘူး Chanyeollie.. ငါတို့က အမြဲအတူဆို.. အတူတူရင်ဆိုင်ရမှာပေါ့ ... "
"အကယ်၍ မင်းငါ့စကားနားမထောင်ဘဲ မင်းအိမ်မက်ကို စွန့်လွှတ်မယ်ဆိုရင် ငါနာကျင်ရလိမ့်မယ်.. ငါနာကျင်ရရင် ငါမင်းကို မျက်နှာချင်းဆိုင်ရဲမှာ မဟုတ်တော့ဘူး"
ကိုယ်ပြောချင်တာပြောပြီး ဝင်အိပ်နေလိုက်တယ်... သူကတော့ အကြာကြီး တစ်ယောက်တည်းထိုင်နေတယ်.. မနက်ရောက်တော့လည်း ကျွန်တော့်သူ့ကို စကားမပြောဘူး... ကျောင်းမှာရော.. ညပြန်ရောက်တဲ့အထိပါ မပြောတော့.. အိပ်ခါနီးကျတော့ သူကျွန်တော်နားလာထိုင်ကာ ..
"ငါ့ကိုစိတ်ဆိုးနေတာလား Chanyeollie"
"မဆိုးပါဘူး... "
"မဆိုးပါဘူးဆိုတဲ့ မင်းရုပ်က လန့်ပြီးတောင် သေနိုင်တယ်.. "
"...."
ကျွန်တော်ဘာမှထပ်မပြောတော့ စာရေးနေတဲ့ ကျွန်တော့်လက်မောင်းကို မျက်နှာအပ်ပြီး
"ငါတောင်းပန်ပါတယ်... ငါ့ကိုစိတ်မဆိုးပါနဲ့ ... ငါမင်းစကားနားထောင်ပါ့မယ် "
YOU ARE READING
Out Of The Bromance
Fanfiction[Zawgyi × Unicode version] ငါတို့ကြားထဲမှာ ကာထားတာ နံရံမဟုတ်ပါဘူး... တံခါးတစ်ချပ်ပါ... မင်းအချိန်မရွေးထွက်လာခဲ့ပါ... ငါစောင့်နေမယ်... ညီအစ်ကိုဆိုတဲ့ ပတ်သတ်မှုရဲ့ အပြင်ဘက်မှာပေါ့...