လူတွေက အားကိုးစရာ မရှိတော့တဲ့အခါ တစ်ခုခုကို လုပ်လိုက်ဖို့ပဲ တွေးနေမိတယ်ထင်တယ်... ဒီ၎ရက်မှာ ကျွန်တော်တွေးခဲ့တာမှ အများကြီး.... အခန်းတံခါးပိတ် အမှောင်ချပြီး ဘာလုပ်ရင်ကောင်းမလဲ ဆိုတာပဲ တတွတ်တွတ်ရွတ်နေမိတယ်... ဘာလုပ်ရင် သူပြန်လာမလဲ? သူ့ဆီ ဖုန်းဆက်ပြီး မင်းငါ့ဆီပြန်မလာတော့ဘူးဆိုရင် ငါသတ်သေလိုက်မယ်လို့ ခြိမ်းခြောက်ရမလား? ဒါမှမဟုတ် အိပ်ဆေးသောက်ပြီး သတ်သေတယ်လို့ ထင်အောင် သရုပ်ဆောင်လိုက်ရမလား? ဒါမှမဟုတ်လည်း ဆေးမှတ်တမ်းအတုလုပ်ပြီး ငါ့မှာ သွေးကင်ဆာရှိနေပြီ.. ငါမသေခင်အထိ ငါ့နားမှာနေပေးပါလို့ ပြောရမလား.... အဲ့လိုမလုပ်ဘဲ အောက်လမ်းနည်းနဲ့ လုပ်လိုက်ရမလား.... အဲ့လို အတွေးပေါင်းများစွာနဲ့ ယုတ်မာတဲ့ အကြံကို ထုတ်နေမိတယ်... နောက်ဆုံးမှာတော့ အဖြေတစ်ခုကို ထုတ်ပြီးသွားသော သိပ္ပံပညာရှင်သဖွယ်.. စစ်နိုင်သွားတဲ့ နပိုလီယံသဖွယ် .. ဂူအောင်းပြီး သိုင်းကျင့်နေတဲ့ သူတော်စင်ဂိုဏ်းမှ တရားပေါက်သွားသော သူတော်စင် သဖွယ်... ဝင့်ကြွားစွာ အပြင်ထွက်လာခဲ့သည်.... ဘဏ်ကိုသွားက ဒီနှစ်ထဲမှာ မြိုမချရက် မဝတ်ရက် မသုံးရက် ခြစ်ကုတ်စုထားတဲ့ အံ့သြဖွယ်ရာ ကိန်းဂဏန်း တစ်ခုထိရှိနေပြီဖြစ်တဲ့ ငွေအားလုံးကို ထုတ်လိုက်သည်... ပြီးတော့ ကားတစ်စီးဝယ်ကာ လက်ယားလက်ယားလုပ်မည်.... Diet ကြောင့် မစားဖို့ စည်းကမ်းထုတ်ခံထားရတာတွေကို စားမည်... Club တက်ကာ Alcohol တွေနဲ့ ပျော်ပါးပြီးရင်တော့ ခက်ခက်ခဲခဲ အဖြေထုတ်ထားရတဲ့ ပုစ္ဆာကို အကောင်အထည် ဖော်တော့မည်.... ။ ဒီလိုပဲ ၃လနီးပါးလောက် ဘာအနုပညာလှုပ်ရှားမှုမှ မလုပ်ဘဲ အလေလိုက်နေသဖြင့် CEO ရဲ့ ပင့်ဆောင်ခြင်းကို ခံလိုက်ရသည်...
"Baekhyun ah... Hyung လည်း မင်းကို ဖိအားတွေ မပေးချင်ဘူး... မင်းက Company ကို ၁၀နှစ်လောက် ပိုက်ဆံရှာပေးခဲ့တာလေ .. အခု မင်းရဲ့ စာချုပ်ကလည်း ပြည့်တော့မယ်... မင်းဘယ်လိုဆက်လုပ်မယ်တွေးလဲ? မင်းအခုလိုပဲ စိတ်အလိုလိုက်ပြီး နေချင်သေးတယ်... အချိန်ခဏလေးယူပြီးမှ အနုပညာကို ပြန်လုပ်မယ်ဆိုရင်တောင် Hyung ကတော့ မင်းနဲ့ စာချုပ်ချုပ်ချင်နေသေးတယ်... "
YOU ARE READING
Out Of The Bromance
Fanfiction[Zawgyi × Unicode version] ငါတို့ကြားထဲမှာ ကာထားတာ နံရံမဟုတ်ပါဘူး... တံခါးတစ်ချပ်ပါ... မင်းအချိန်မရွေးထွက်လာခဲ့ပါ... ငါစောင့်နေမယ်... ညီအစ်ကိုဆိုတဲ့ ပတ်သတ်မှုရဲ့ အပြင်ဘက်မှာပေါ့...