_27_

1.8K 199 2
                                    

လူတစ်ယောက်ကို မစွန့်လွှတ်နိုင်တဲ့အခါ ဂရုစိုက်မှုတွေ မရရှိတဲ့အခါ
ခံစားရတာတွေဟာ အလိုလို ပင်ပန်းလာတတ်ကြတယ်.. ငါကတော့ ချစ်လိုက်ရတာ... သူက ငါချစ်သလိုမချစ်ဘူး.. ငါ့ကိုလည်း ဂရုမစိုက်ဘူးဆိုတဲ့စိတ်တွေ
ဖြစ်လာတတ်ကြတယ်... ဒါပေမယ့် တွေးကြည့်ရင် ကိုယ်ချစ်တဲ့လူအနားမှာ နေခွင့်ရသေးတာကိုက ကိုယ်သူ့အတွက် ဖြည့်ဆည်းပေးနိုင်တဲ့ အခွင့်အရေးတွေ ရှိပါသေးတယ်.... ကမ္ဘာပေါ်မှာ ချစ်ပေမယ့် အနားမှာရှိမနေနိုင်တဲ့လူတွေ.. ဖြည့်ဆည်းပေးချင်ပေမယ့် ဖြည့်ဆည်းပေးခွင့်မရှိတော့တဲ့ လူတွေအများကြီးပါ ... အနားမှာရှိခွင့်မရတော့ဘူးဆိုရင်တောင်မှ ကိုယ်သတိရရင် ခိုးကြည့်လို့ရမယ့် အနေအထားနဲ့ သူဟာရှေ့တက်လျှောက်နေတာပါ... လောကကြီးမှာ ကိုယ့်ချစ်သူမရှိတော့ဘဲ ရှင်သန်နေရတဲ့သူတွေထက်စာရင် သင်ဟာ ကမ္ဘာမှာ ကံအကောင်းဆုံးဖြစ်နေပါပြီ... ။
*****
"နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ နေဖို့အစီအစဉ်မရှိဘူးလား? အခုရော ဘာကြည့်ဦးမလို့လဲ ''

"Chanyeollie ရဲ့ အစီအစဉ် ''

"ဘာလဲ? သူများအတွဲ ကြည်နူးနေတာကို ထိုင်ကြည့်မလို့လား? "

လူနှစ်ယောက် လမ်းခွဲလိုက်တဲ့အခါမှာ လူတိုင်းက ထားသွားတဲ့သူကို အပြစ်တင်ကြတယ်... ဒါပေမယ့် ကျန်ခဲ့တဲ့သူထက် ထားသွားရတဲ့သူက ပိုနာကျင်ရပြီး ပြန်ထဖို့မလွယ်ကူဘူး... ကျန်ခဲ့တဲ့သူက သူ့ကိုထားခဲ့လေခြင်းဆိုပြီး အပြစ်တင်ရင်း ပြန်ထနိုင်ပေမယ့် ထားသွားရတဲ့သူက ဘယ်သူ့ကို အပြစ်တင်ရမလဲ? တကယ်တမ်းကျတော့ ငါကပဲထားခဲ့ပေမယ့် ငါပဲ လဲကျရာက ပြန်မထနိုင်သေးဘူးထင်ပါရဲ့...

"သူပြုံးတာလေး မြင်ချင်လို့လေ... သူ့အပြုံးတွေမမြင်ရတာ ၄လလောက်ရှိပြီ... ''

Manager hyung က ကျွန်တော့်ဘေးမှာ ဝင်ထိုင်ရင်း သက်ပြင်းတွေချနေသည်...

"မင်းဒီလိုပဲ ထိုင်ဆွေးနေတော့မှာလား? တကယ်ဆို ထားခဲ့တာက မင်းနော် "

"Chanyeollie က ကျွန်တော်ထင်ထားတာထက်ကို ပိုသန်မာတယ်... ကျွန်တော်ကတော့ ပျော့ညံ့ပါတယ်... မနည်းကို အလုပ်ထဲနှစ်နေရတယ်... ''

Out Of The BromanceWhere stories live. Discover now