ရက် ၃၀၀ ကျော် ဆိုတာ တကယ်ကို ခဏလေးပါပဲ ။ မင်းအိမ်ပြန်မအိပ်တဲ့ ရက်တွေ အိမ်ပြန်နောက်ကျတဲ့ရက်တွေကို ပေါင်းလိုက်ရင် ၃၆၅ရက်ကို ၂ရက်စွန်းတယ် Chanyeol ။ ငါဘယ်လိုဖြတ်သန်းလာလည်းဆိုရင် ရယ်စရာရုပ်ရှင်တွေကြည့်ရင်း အစားအသောက်တွေ လုပ်စားရင်း အလုပ်တွေကို အိမ်သယ်လာလုပ်ရင်း မင်းကိုလည်းစောင့်ရင်းပေါ့ ။ ဒီနောက်ပိုင်း ငါ့မှာထူးဆန်းတာတွေဖြစ်နေတယ် Chanyeol ။ ရယ်စရာရုပ်ရှင်တွေက မရယ်ရတော့ဘူး ။ တစ်အိမ်လုံးကို မီးမထွန်းပဲနေရတာက ငါ့အတွက်လုံခြုံတယ်လို့ ခံစားရတယ် ။ မင်းရဲ့ခြေသံကို ကြားတဲ့အခါ လူသတ်ကားကြည့်ရသလိုပဲ ငါ့နှလုံးက ပြုတ်ကျမတတ် ထထခုန်နေတယ် ။ ရုံးသွားတဲ့လမ်းမှာ လမ်းချင်းတွဲပြီး သိပ်ချစ်ကြ ကြည်နူးနေကြတဲ့ အတွဲတွေမြင်ရင် ငါကြောက်လာတယ် ။ ငါတို့လည်း အရင်ကအဲ့လိုမျိုး ကြည်နူးခဲ့ကြသားပဲနော် ။ သူတို့လည်း ငါတို့လို အေးစက်သွားကြမှာပဲမလား ။ မြေအောက်ရထားစီးတော့ ဘေးက ကောင်မလေးက သူ့ကောင်လေးကို ဖုန်းဆက်နေတယ် ။ ဖုန်းချကာနီး ချစ်တယ်လို့ ပြောသံကြားတော့ ငါရယ်ချင်လာတယ် ။ နောက်ဆိုရင် မုန်းတယ်လို့တောင် သူတို့ပြောဖြစ်ကြမှာမဟုတ်ဘူး ။ ငါတို့လည်း အရင်က မကြားချင်လောက်အောင်ကို ပြောခဲ့ကြတာပဲလေ ။ နောက်တော့လည်း ငါ့မှာချစ်သူရှိတယ်ဆိုတာကို မှတ်မိအောင်ကြိုးစားနေရတဲ့အထိကို မင်းကပျောက်ချင်းမလှ ပျောက်သွားတာ ။ လူတွေကြားထဲ နာမည်ကြီးတဲ့ Romance Movie တွေ ငါမကြည့်ဖြစ်တော့ဘူး ။ အဲ့လိုအချစ်က ရုပ်ရှင်ထဲမှာ စိတ်ကူးယဉ် လို့ကောင်းအောင် ရိုက်ပြတာလေ ။ အပြင်နဲ့ ကွာလွန်းတဲ့.. မဟုတ်သေးဘူး... ငါတို့နဲ့ကွာလွန်းတဲ့ ရုပ်ရှင်အစား ချာလီချပ်ပလင်ပဲ ထိုင်ကြည့်နေဖြစ်တယ် ။ ဟိုးအရင်ကလို ဘယ်အချိန်အိမ်ပြန်ရောက်မလဲ ဖုန်းဆက်မေးရမလားလို့တော့ ခဏခဏ တွေးမိတယ် ။ ဒါမယ့်လည်း မင်းအဖြေကို ငါသိနေပြီသားဖြစ်နေတယ်လေ ။ ငါအရင်လို ဝမ်းနည်းစရာနေ့စွဲတွေကို စာအုပ်လေးနဲ့ ရေးမှတ်ထားတုန်းပဲ ။ စိတ်ပျော်တဲ့နေ့ ပြန်ထုတ်ကြည့်ရအောင်လို့လေ ။ ဒါမယ့် စာအုပ်က တဖြေးဖြေးပါးလာပေမယ့် ငယထုတ်မကြည့်ဖြစ်သေးဘူး ။ အိမ်ကိုစောစောပြန်ရောက်တဲ့နေ့ဆို ကုတင်ပေါ်မှာ ထိုင်ပြီး ဗီဒိုထဲက စုံတွဲပစ္စည်းတွေကို ငေးကြည့်မိတယ် ။ ငါတို့မှာလည်း အမှတ်တရကောင်းတွေ ရှိခဲ့သားပဲနော် ။ ဖုန်းထဲကို စာတွေဝင်လာတိုင်း ပြေးပြီး ဖွင့်ကြည့်မိတယ် ။ ဒါမယ့် ကြော်ငြာစာတွေပဲဖစ်နေခဲ့တယ် ။ မင်းငါ့ဆီစာပို့မှာ မဟုတ်ဘူးဆိုတာ ငါမေ့မေ့သွားတယ် ။ ဒါမယ့်လည်း အရင်လို ဘာဝယ်ခဲ့ရမလဲ ဆိုတဲ့ စာများဝင်လာမလား ။ အနည်းဆုံးတော့ ငါ့နာမည်ခေါ်တဲ့ စာပဲဖစ်ဖစ်မျှော်လင့်မိတယ် ။ ငါတို့်ချစ်သူမဖြစ်ခင်က စက္ကန့်မလပ် စာတွေပို့ခဲ့ကြတယ်နော် ။ မင်းသိချင်တဲ့ ငါ့အကြောင်းတွေ မင်းကို ပြောပြရတာ ငါလည်းပျော်တယ် ။ ငါ့ရဲ့တစ်နေ့တာကို မင်းကိုပြောပြတဲ့အခါ ငါ့ရှေ့မှာ မင်းပြုံးပြီးထိုင်ကြည့်နေသလို ခံစားရတယ် ။ မင်းပို့တဲ့ Emoji တွေအတိုင်း မင်းရဲ့ပုံစံကို စိတ်ကူးနဲ့ ပုံဖော်ရတာလည်း ပျော်ဖို့ကောင်းတယ် ။ မင်းငါ့ကို မုန့်တွေလာပေးတဲ့အခါလည်း ထခုန်မိမတတ်ငါကျေနပ်ခဲ့ရပြန်တယ် ။ တစ်ယောက်တည်းထိုင်နေတဲ့ မင်းကိုတွေ့ရင် အတူသွားဖို့ဆွဲခေါ်နေတဲ့ သူငယ်ချင်းတွေကို တွန်းထုတ်ပြီး မင်းဆီလာချင်တယ် ။ အချစ်ကို သေချာမသိသေးတဲ့ငါက မင်းကိုတွေ့ရုံနဲ့တင် ဗိုက်ထဲမှာ လိပ်ပြာလေးတွေ ပျံနေသလိုပဲ ခံစားမိတယ် ။ အနာဂတ်က ဘယ်လိုလည်း မသိပေမယ့် အတိတ်စာမျက်နှာတွေကတော့ ငါ့အတွက် ပျော်စရာနေ့ရက်တွေပေါ့ ။ အခုငါမပျော်တော့ဘူးလို့ မင်းကိုပြောပြချင်တယ် ။ တခာတလေ သေတမ်းစာတွေရေးပြီး တိတ်တိတ်ကလေး ထွက်သွားရမလားတွေးမိတဲ့အကြောင်း မင်းဆီဖုန်းခေါ်ပြီး ပြောပြချင်တယ် ။ ငါ့ဆီကနေ ဝေးရာကို လျှောက်လှမ်းနေတဲ့ မင်းကို ဆက်ပြီးဆွဲထားလို့ရမလားလို့ မေးချင်တယ် ။ တချို့လူတွေကို အော်ညီးကြတယ် ။ သူတို့မှာ သူတို့ချစ်တဲ့သူကို ပိုင်ဆိုင်ခွင့်မရှိလို့ ငေးကြည့်ခွင့်ပဲရတယ်တဲ့လေ ။ ကိုယ့်အလှည့်ကျမှ ဘာလို့များ ပိုင်ထားပြီးသားအရာကို ငေးကြည့်နေရတာလဲ ။ လူတယောက်ကို
တကယ်ချစ်မိသွားတဲ့အခါ သူနဲ့ပတ်သတ်ပြီး ပျော်ရွှင်ရတဲ့ အချိန်တွေထက် ဝမ်းနည်းနာကျင်ရတဲ့ အချိန်တွေပိုများနေတတ်တယ်တဲ့ ။ အဲ့ဒါဟာအချစ်ကြောင့်ဆိုရင် ငါမချစ်ချင်တော့လောက်အောင် အချစ်ကို စိတ်ပျက်မိတယ် ။ ငါ့အထီးကျန်မှုတွေ ငါ့ဝမ်းနည်းကြေကွဲမှုတွေကို မင်းကိုပြောပြချင်လို့ မင်းဆီဖုန်းဆက်လို့ရမလား Chanyeol........ ။
YOU ARE READING
Out Of The Bromance
Fanfiction[Zawgyi × Unicode version] ငါတို့ကြားထဲမှာ ကာထားတာ နံရံမဟုတ်ပါဘူး... တံခါးတစ်ချပ်ပါ... မင်းအချိန်မရွေးထွက်လာခဲ့ပါ... ငါစောင့်နေမယ်... ညီအစ်ကိုဆိုတဲ့ ပတ်သတ်မှုရဲ့ အပြင်ဘက်မှာပေါ့...