[Zawgyi version]
တဒုတ်ဒုတ်နဲ့ မှန်နဲ့တိုက်နေတဲ့ သူ့ခေါင်းကို ထိန်းပေးရင်း ကိုယ့်ပခုံးပေါ် တင်ပေးလိုက်သည် ... ကိုယ့်နားနားက အသက်ရှုသံသဲ့သဲ့က ဂန္တဝင်ကဗျာတစ်ပုဒ်ကို ဖတ်ပြနေသလိုပင် ... မျက်နှာမှာ ကြည်နူးသော အပြုံးက ချိတ်ဆွဲထားပြီးသား .. နေ့လည်ဘက် ကားချောင်ချိန်မို့ ကျွန်တော်တို့အပါအဝင် ၄ယောက်သာရှိတယ် ... လူမရှိတာကို အခွင့်ကောင်းယူရင်း အမြဲတမ်း စိတ်ကူးနဲ့ရူးခဲ့ရတဲ့ သူ့နဖူးပြင်ကို နှုတ်ခမ်းနဲ့ ထိတွေ့မိလိုက်တယ် ... သူမသိပါစေနဲ့ ...
•••••••
"သားငယ် ... Appa စိတ်ချမယ်နော် "ကံကြမ္မာကိုသာ မြင်နိုင်တွေ့နိုင်ရင်လေ .. မသွားဖို့တားမြစ်ခဲ့မိမှာ ...
"Baekkieee ~~ Omma ပုကျုလေး ရောက်ရင်ဖုန်းဆက်လိုက်မယ် "
သူ့ဆံပင်ထဲလက်ထိုးဖွနေတဲ့ Ommani ရဲ့ လက်ကို မနာလိုစွာငေးကြည့်နေမိတယ် ... အလုပ်ကိစ္စနဲ့ခရီးမို့သာ သွားရပေမယ့် Baekhyunee ကိုမခွဲချင်တဲ့ မိခင်မျက်ဝန်းတွေကို ခံစားနေမိတယ် ... ထွက်သွားတဲ့ ကားကို မျက်စိတစ်ဆုံးငေးကြည့်ရင်း ဒီအိမ်ကြီးထဲမှာ အလုပ်သမားတွေနဲ့ ကျွန်တော်တို့သာ ကျန်နေခဲ့တယ် ....
"Let's Party !!!! "
ရေရွတ်လိုက်တဲ့ ကျွန်တော့်အသံကို နားမလည်သလိုပြူးကြည့်နေတဲ့သူဟာ ညနေရောက်တော့ ပုလင်းတွေသယ်ပြီးဝင်လာတဲ့ Yifan , Jongin နဲ့ Kyungsoo ကိုမြင်မှဘဲ သဘောပေါက်သွားတယ် ....
"Cheer ! "
ခလွမ် ~
ပုလင်းတိုက်သံနဲ့အတူ ဧည့်ခန်းထဲမှာလည်း ပုလင်းခွံတွေဆိုတာ ပွပလဲလို့ ... ဆိုဖာပေါ်မှာ မူးပြီးမှောက်နေပြီဖြစ်တဲ့ Yifan ကိုယ်တော်ခမျာလည်း တောင်စဉ်ရေမရ စကားတွေကို ရေရွတ်လို့နေတယ် .. အန်ချင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လသာဆောင်မှာ လေသွားခံနေတဲ့ Baekhyun မှာလည်း အိမ်ထောင်များ ကျသွားပြီလား ထင်မှတ်ရလောက်အောင် ပြန်ဝင်မလာတော့ချေ .. လူကဖြင့် မတ်မတ်တောင်မရပ်နိုင်တော့ဘဲနဲ့ ငါမမူးသေးဘူး ဟစ်ကြွေးကာ သောက်နေသော Kyungsoo ကို အားပေးအားမြှေက်နဲ့ ဘေးကနေ သောက်နေသော Jongin တို့၂ကောင်အား ဝိုးတဝါးသာ မြင်ရတော့တဲ့ထိကို လူက မူးနေပြီ ....
YOU ARE READING
Out Of The Bromance
Fanfiction[Zawgyi × Unicode version] ငါတို့ကြားထဲမှာ ကာထားတာ နံရံမဟုတ်ပါဘူး... တံခါးတစ်ချပ်ပါ... မင်းအချိန်မရွေးထွက်လာခဲ့ပါ... ငါစောင့်နေမယ်... ညီအစ်ကိုဆိုတဲ့ ပတ်သတ်မှုရဲ့ အပြင်ဘက်မှာပေါ့...