_21_

2.4K 248 5
                                    

ရန်ဖြစ်တယ်ဆိုတာကြီးကို မကြုံရလောက်ဘူးမှတ်တာ... အခုမှအကြီးအကျယ်တွေဖြစ်ရတယ်... ဘာကိစ္စနဲ့လည်း မေးရင် သူများတွေရယ်နေဦးမယ် ကိစ္စက သေးသေးလေးမှ သေးသေးလေး... ကျွန်တော်က အမျိုးသမီး အဆိုတော်တစ်ယောက်ကို သီချင်းရေးပေးလို့တဲ့... သီချင်းရေးပေးတဲ့အပြင် သူ့ပြိုင်ပွဲထိပါ သွားကြည့်လို့တဲ့... ကြားလို့မှ ကောင်းသေးရဲ့လား... အဲ့မှာပြသနာရှာတာဆိုတာ ပါးစပ်ကနေ အမြှုပ်ထွက်မတတ်ရှင်းပြရတဲ့အပြင် နားကနေ မီးခိုးထွက်မတတ်နားထောင်ရတယ်... အထုအထောင်းလည်း ခံရသေး... နောက်ဆုံးမခံနိုင်တော့လို့ အိမ်ကနေ ထွက်လာရတဲ့အဖြစ်.... ကိုယ့်ဘာသာ ဘူနေတုန်း Jongin က ဖုန်းဆက်ပြီး Luhan hyung တို့ Anniversary Party လာဖို့ခေါ်တာနဲ့ စိတ်ပြေလက်ပျောက် သွားဖြစ်တယ်... အအေးဆေးဆုံး RS ကိုပြဆိုရင် Sehun တို့ကိုပြရမယ်ထင်ပါရဲ့... နဂိုတည်းက စာတော်တဲ့ Luhan hyung က အခုဆို ရှေ့နေဖြစ်နေပြီ... Sehun ကျပြန်တော့လည်း စာရေးဆရာ.. ကျွန်တော်ပြန်မလာခင်က ထွက်ထားတဲ့ စာအုပ်က Best seller တောင်ဖြစ်သွားသေးတယ်... ကိုယ့်အလုပ်နဲ့ကိုယ် ဆိုပေမယ့် အလုပ်ရှုပ်နေရင်တောင် တစ်ယောက်ကိုတစ်ယောက် အချိနိပေးကြတယ်.. ရန်ဖြစ်တာမျိုးလည်း မကြားဖူးဘူး... ဒါက Luhan hyung ကသြဇာသီး ရောင်းတတ်တာကြောင့်ရော Sehun က အကုန်ခေါင်းညိတ်လက်ခံတာရောကြောင့် ထင်ပါတယ်... Jongin တို့ကျတော့လည်း စိတ်ချလိုက်မှလွန်ရော ဆေးခန်းပိတ်တဲ့အချိန် အပြင်လျှောက်သွားနေလည်း ဘာမှမပြောဘူး.. ဒါမယ့်လည်း များသောအားဖြင့် Jongin က Kyungsoo ကို သွားလေရာခေါ်တယ်... မပါလာရင် သူကကြာကြာမနေနိုင်ဘူး ဖင်မမြဲဘူး ပြန်မယ်တကဲကဲ ဖြစ်နေတာ... Yifan များကျတော့လည်း သူ့ကိုယ်သူ စုံစမ်းရေးမှူး ဆိုပြီး အလုပ်ရှုပ်ပြနေသေး.... ဒါမယ့်လည်း သူငယ်ချင်းတွေစုံရင်တော့ စုံစမ်းရေးမှူး ပုံပျောက်ပြီး ငပေါဓာတ်ခံလေးက ပေါ်ပေါ်လာတယ်.... Tao နဲ့ တွဲလာတာပဲ ဒီလောက်ကြာပြီ ဘယ်တော့လက်ထပ်မလဲ မေးရင် အခုထက်ထိ မရေမရာဖြစ်နေတာ... Minseok hyung ဆို လက်ထပ်ပြီးလို့ သမီးလေးတောင် ရနေပြီ...

"Chanyeol ah... တကယ်ပဲ Baekhyun Hyung နဲ့ တွဲနေပြီလား? သူက Fan တွေအများကြီးရှိတဲ့ Idol တစ်ယောက်နော်... တွဲနေတာ အတည်ကြီးလား "

Out Of The BromanceWhere stories live. Discover now